တခြား Counselling တွေနဲ့ မတူဘဲ ဒီဟာက Buddhist Counselling ပိုင်း ဖြစ်တဲ့အတွက် Buddhist Counsellor လုပ်မဲ့သူတိုင်းဟာ သူ့ရဲ့ Spiritual Oasis ကို ပိုပြီး ကျယ်ပြန့်အောင် လုပ်ထားဖို့ လိုအပ်တယ်လို့ သူတို့က ယူဆကြပါတယ်။ Spiritual Oasis ဆိုတဲ့ စကားလုံးကို ဘယ်သူက စ သုံးမှန်း မသိပေမဲ့ ဒီမှာတော့ ဘုန်းကြီးဟင်းဟုံ (Ven. Sik Hin Hung) ရဲ့ ပို့ချမှုကြောင့် သိရတာပါ။ ပူပြင်းလွန်းတဲ့ ဒေသတွေမှာ နားခိုစရာ အိုအေစစ်က မရှိမဖြစ် လိုအပ်သလို စိတ်ပူပန်မှုတွေအတွက်လည်း Spiritual Oasis လိုအပ်တယ်လို့ ပြောချင်တာပါ။ ရည်မှန်းချက်ကတော့ ကိုယ့်ရဲ့ Spiritual Oasis ကို အရင်ဆုံး အစပျိုးပေး၊ အဲဒီနောက် ဖြည်းဖြည်းချင်း ကျယ်ပြန့်အောင် လုပ်ပြီး သူများတွေကို အေးမြအောင် ချွေးသိပ်ပေး-ဆိုတဲ့ သဘောပါ။ ကိုယ့်အလင်းရောင်ကို ကိုယ့်ဘာသာ အစပျိုးထားမှ သူများတွေကို မျှဝေပေးနိုင်မှာပေါ့လေ။
.
.
ဒီအတန်းမှာ ဘုန်းကြီးဟင်းဟုံ၊ Dr. George နဲ့ Ms. Janet Lau တို့ ဆရာ ၃ ဦး သင်ပါတယ်။ ဒီသင်တန်းရဲ့ Assessment ပိုင်းမှာ Class attendance & participation, Meditation Log, Mindful Yoga Log, Group presentation နဲ့ Exam တွေ ပါဝင်ပါတယ်။
.
.
သင်ရတာတွေက နည်းနည်းစီနဲ့ အစုံပါတယ်လို့ ပြောလို့ ရပါတယ်။ ယေဘုယျ မှတ်မိသလောက် ပြန်ပြောရရင် Buddhist Meditation (+ Neuroscience evidences), Bodhisattva Ideal, Major Theories of Human Development in Psychology, Ten Oxherding Pictures, Self reflection, Expressive Buddhist Art, Parenting, Relationship Problems & Theories စသည် စသည်။ ဒီသင်တန်း မပြီးခင်မှာပဲ အတန်းဖော်တစ်ဦးနဲ့ စကားပြောဖြစ်တော့ သူက “Buddhist Counselling အကြောင်းကို သိပ်ပြီး မလိုက်နိုင်တောင် အခု ပေးတဲ့ သင်ခန်းစာတွေက လက်တွေ့ဘဝအတွက် အများကြီး အကျိုးရှိတယ်”-လို့ ဆိုပါတယ်။ ဒီသင်တန်းမှာ ဘုန်းကြီးဟင်းဟုံ ပြောတဲ့ စကားတစ်ခွန်းကတော့ “လူတွေက ခေတ်လူတွေ။ ဒေတာခေတ်မှာ ဒေတာနဲ့ ပြောမှ သူတို့ကျအောင် လုပ်နိုင်မှာ။ ဒါ့ကြောင့် ကိုယ်တို့က ဒါတွေဒါတွေကို သုတေသနအခြေပြု/သက်သေအခြေပြုဖြစ်အောင် လုပ်ထားတယ်။ လုပ်နိုင်တဲ့သူတွေလည်း ဒါမျိုး လုပ်စေချင်တယ်”လို့ ဆိုပါတယ်။ သူကိုယ်တိုင်က Buddhist Practices and Counselling Science Lab (https://www.budscilab.hku.hk/team/ ) ဦးဆောင်ပြီး သုတေသနလုပ်၊စာတမ်းတွေ ထုတ်တာ တွေ့ရပါတယ်။အဲဒီ Link ကို သွားကြည့်ရင် သူတို့ အလုပ်တွေကို တွေ့ရပါလိမ့်မယ်။ ဥပမာ - Religious Chanting/Recitation ဆိုတာ ဘယ်လို အကျိုးရလဒ် ရှိနိုင်သလဲဆိုတာကို ဦးနှောက်ကို စကန်ရိုက်ပြီး အဖြေ ထုတ်ပြတာမျိုးတွေ တွေ့ရပါမယ်။ မြန်မာမှာ ဖြစ်နေတဲ့ အရွတ်သမားနဲ့ အသားသမားကြားမှာ အဖြေတစ်ခုတော့ ရကောင်းမယ်လို့ ထင်ပါတယ်။ (ကိုယ်ကတော့ အရွတ်အဖတ်ကိစ္စနဲ့ ပတ်သက်ရင် စင်္ကီသုတ်၊ ကီဋာဂိရိသုတ်တို့ထဲက Spiritual Stages တွေကို ပို သဘောကျပါတယ်။ စကားမစပ် အဲဒီ Stages တွေကို Counselling မှာ Theravada Intervention အဖြစ် တခြား ဓမ္မတွေနဲ့ ပေါင်းစပ် လေ့လာလို့ ရတယ်လို့ ယူဆထားပါတယ်။ ဥပါယကောသလ္လဉာဏ်တော့ လိုအပ်မယ်ပေါ့လေ။)
.
.
နောက်၊တရားအားထုတ်မှုမှတ်တမ်း (Meditation Log) လည်း ရေးရပါတယ်။ မဟာယာန (ယောဂါစာရဂိုဏ်း?)ရဲ့နည်းလမ်းအတိုင်း တရား အားထုတ်ရတာပါ။ ယေဘုယျအားဖြင့် ထေရဝါဒနည်းလမ်းတွေနဲ့ တူပါတယ်။ သိသိသာသာ ကွဲပြားတာဆိုလို့ အစပိုင်းမှာ နည်းနည်းလေး(နည်းနည်းလေး)ပဲ ကွဲပြားတာပါ။ “ပရိမုခံ သတိံ ဥပဋ္ဌပေတွာ”ဆိုတာကို ဘာသာပြန်တာ မတူတဲ့သဘောလို့ ယူဆပါတယ်။ သူတို့က Glabella (=Third eye?) ပေါ်မှာ သမာဓိအရင် ထူထောင်တဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ ဒါက အစပိုင်းလေးတင်ပါပဲ၊ နောက်ပိုင်း ကျန်တာတွေက အာနာပါန၊ ဝေဒနာနုပဿနာ စတာတွေကို သွားတာပါပဲ။ သူတို့ လမ်းညွှန်ချက်အတိုင်း နေ့စဉ် အနည်းဆုံး မိနစ် ၂၀ အားထုတ်၊ သတ်မှတ်ထားတဲ့ Meditation Log မှာ အားထုတ်တုန်း တွေ့ကြုံရတာတွေကို မှတ်တမ်းတင်ပြီး အပတ်စဉ် တင်ပေးရပါတယ်။ ကိုယ်တိုင်လည်း မဟာစည်နည်းနဲ့ ၁၀ ရက် + ၄၅ ရက်ကို မှတ်တစ်လှည့် ငိုက်တစ်လှည့်နဲ့ ဖြတ်သန်းဖူးပါတယ်။အဲဒီဟာက သီးသန့် အချိန်ပေးပြီး အားထုတ်ခဲ့ရတာပါ။ အခုဟာရဲ့ ကောင်းကွက်ကတော့ နေ့စဉ်အားထုတ်ရတာမို့ ပို ကောင်းတယ်လို့ ထင်ပါတယ်။ ကိုယ်ကာယအတွက် နေ့စဉ် အာဟာရ လိုအပ်သလို စိတ်အတွက်လည်း နေ့စဉ် Spritual Oasis လေး ရှိထားသင့်တယ်လို့ ထင်တာပါပဲ။ ဓမ္မကို ဘဝထဲ ဆွဲခေါ်လာခဲ့တာပါ။ဘဝတခြား၊ ဓမ္မတခြား မဟုတ်တော့ဘူးပေါ့လေ။
.
.
နောက် Whole day workshop ၄ ရက်လည်း တက်ရ၊အားထုတ်ရပါသေးတယ်။ တစ်ဆက်တည်း ၄ ရက် မဟုတ်ပါဘူး။ တစ်ရက်စီ တက်ရတာပါ။၂ ရက်က အထက်က ပြောထားတဲ့ တရားအားထုတ်တာတွေကို အသေးစိတ် လေ့လာ၊ Q&A လုပ်တာတွေ၊ နောက်ထပ် လေ့ကျင့်ရတဲ့ မေတ္တာဘာဝနာ၊ ကရုဏာဘာဝနာ၊ မရဏဿတိ-စတာတွေကို လေ့လာ/အားထုတ်ရတာပါ။ အစတုန်းက ကိုယ်တို့ဆီက ရိပ်သာတွေလို အတော်ကြီး ခက်ခဲလေမလားလို့ ထင်ထားပါသေးတယ်။ဒီမှာတော့ Lecture, Q&A, Practice တွေကို ပေါ့ပေါ့ပါးပါးပဲ သင်ယူရတာမို့ သိပ် အခက်အခဲ မဖြစ်ပါဘူး။ ၂ ရက်ကတော့ Mindful Yoga ပါ။ အမှန်က Mindful Yoga ကို ပုံမှန် သင်တန်းရဲ့ နောက်ပိုင်းချိန်မှာ သင်ပါတယ်။ သင်တန်းက နေ့စဉ် ညပိုင်း ၆ခွဲကနေ ၉ခွဲထိ။ ပထမပိုင်းမှာ တစ်ဦးသင်ပြီး နောက်ပိုင်းမှာ အခု ယောဂကို သင်တာပါ။ဒီယောဂက Mindful Yoga ပါ။ ပုံမှန် ယောဂကျင့်စဉ်တွေလောက် မခက်ခဲဘူးလို့ ယောဂသင်ဖူးတဲ့ကျောင်းသူတွေက ပြောကြပါတယ်။ Mindful Yoga ဆိုတဲ့အတိုင်း ယောဂလုပ်ရင်း ကာယာနုပဿနာနဲ့ အာနာပါနတို့ကို လေ့ကျင့်ရတယ်လို့ ဆိုပါတော့။ ဒီဟာရဲ့ ကောင်းကွက်ကတော့ အညောင်းတွေ ပြေပြီး ကျိန်းစက်လို့ ကောင်းတာပါပဲ။ တကယ်ပြောတာပါ။ သူများတွေလည်း အဲဒီလို ပြောကြပါတယ်။ ပြီးတော့ ဆရာမ ပြောတဲ့ “ခန္ဓာကိုယ်က မလိမ်ဘူး”ဆိုတဲ့ စကားအတိုင်း ကာယာနုပဿနာ လေ့ကျင့်ရတာ ပို မြင်လွယ်ပါတယ်။ တခြား Self-reflection တွေ ဘာတွေလည်း လုပ်ရပါသေးတယ်။ ပြီးရင် Mindful Yoga Log ရေးပြီး တင်ရပါတယ်။ ဘာတွေ့ တွေ့ကြုံရသလဲဆိုတာ ရေးခိုင်းတာပါ။
.
.
Group Presentation မှာကျတော့ တစ်ဖွဲ့မှာ ၆ ဦးလောက် စုပြီး Spiritual Practice တစ်ခုကို တင်ပြပြီး အားလုံး စုပေါင်းလေ့ကျင့်ကြရတာပါ။ Spiritual Oasis တည်ဆောက်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြခိုင်းတဲ့ သဘောပါပဲ။ ဒီနှစ်မှာ Wellcation, Four Immeasuarables, Light the Path, Sound Therapy, Mindful Beading, Eurythmy & Self-compassion တို့ကို တင်ပြ လေ့ကျင့်ကြည့်ကြပါတယ်။ ကိုယ်တို့အဖွဲ့ကတော့ ခပ်ရိုးရိုးပဲ Self-compassion (especially to our body) ပိုင်းကို တင်ပြကြတာပါ။ တချို့ကျောင်းသားတွေမှာ စိတ်ဝင်စားစရာ Spiritual Practice တွေ ရှိပေမဲ့ အများနဲ့ဆိုတော့ အများသဘောတူရာ လိုက်ပြီး လုပ်ကြရတယ်လို့ ပြောပါတယ်။
.
.
စာမေးပွဲကတော့ ၂ နာရီစာ မေးခွန်းပါ။ (BC I မှာတုန်းကလဲ ၂ နာရီစာ စာမေးပွဲ ဖြေရပါတယ်။) ဒီစာမေးပွဲတွေရဲ့ ကောင်းကွက်က “စာမေးပွဲတစ်ခုတည်းနဲ့ အောင်/ကျ ဆုံးဖြတ်တာ မဟုတ်”လို့ သိပ် အားစိုက်စရာ မလိုအပ်ပါဘူး။ GPA မြင့်မြင့် ရချင်ရင်တော့ ကြိုးစားရမှာ အမှန်ပါ။ အတော်များများ A+ တို့ A တို့ ရတဲ့အထဲမှာ ကိုယ့်ခမျာမှာတော့ A- နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
.
.
#HKU University of Hong Kong #ဟောင်ကောင် #HongKong #MBC #Master #Buddhist #Counselling #Buddhism #MasterOfBuddhistCounselling #မဟာ #ဓမ္မမန္တနာ #HKUer #HKUers ဟောင်ကောင်တက္ကသိုလ် #ဟောင်ကောင်တက္ကသိုလ် #ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာ 2022-2023 #Scholarship #စကောလားရှစ် #ဟောင်ကောင်ယူ
Comments
Post a Comment