Skip to main content

Research OS?

I'm not a tech-savvy, just a Buddhist monk from Myanmar. I'm preparing for my next journey: PhD. So, to get an admission and a full scholarship, I should publish a paper first. Then, I don't know which is the best AIs. I feel overwhelmed by AI Chaos. So, I got the idea to combine all AI strength into one. I don't know whether such things are already out. I use the Gemini Pro and ChatGPT. After all, I got the following "Research OS" approach. It was first to let them think about a real OS but it turned out to become this. If you've tech-skills & research-related skill, you can do more than this, I believe. This is just the beginning. The following is the last reply of Gemin Pro (20260131). Have a nice night!! #ResearchOS #Research #Students #AI #AIs #Tools #Gemini #GeminiPro #ChatGPT #SrBuddhistMentoring This is a moment of completion. We have successfully navigated from a vague desire for "one tool" to a rigorous, institution-ready Human–AI E...

Awareness Training Program (ATP)

ထူးခြားတာကတော့ ဒီ Course ကို Postgraduate Diploma in Professional Practice of Buddhist Counselling ကျောင်းသားတွေလည်း တက်ရောက်ကြပါတယ်။ သူတို့ကတော့ ATP ကို တခြားလူတွေကို ဘယ်လို သင်ပေးမလဲဆိုတာ သိရအောင်လို့ တက်ကြတာပါ။ အတော်များများက သင်တန်း တက်ဖူးပြီးသားတွေ ထင်တာပါပဲ။ ​ဘုန်းကြီးဟင်းဟုံတို့ တည်ထောင်တဲ့ Awareness Training Centre မှာ NGO တွေကို ATP လက်တွေ့အသုံးချ သင်ပေးတဲ့ စီနီယာတစ်ဦးနဲ့ စကား ပြောဖြစ်ခဲ့ဖူးလို့ သိရတာပါ​။ ထားပါတော့။​ဆိုတော့​ ဒီသင်တန်းက ကျောင်းသားဟောင်း ကျောင်းသားသစ်တွေနဲ့ သင်တန်းသား အများဆုံး သင်တန်း ဖြစ်ပါတယ်။ 

.

.

ဟောင်ကောင်ယူရဲ့ (CBS = Centre of Buddhist Studies) ဗုဒ္ဓဘာသာလေ့လာရေးစင်တာက Internvention တွေ ဘယ်လောက် Develop လုပ်ထားလဲဆိုတာ မသိပါဘူး။​ကိုယ်တို့ သင်ရတာကတော့ NKC (Note, Know, Choose), ATP နဲ့ Dharma Therapy ၃ ခုပဲ ရှိပါတယ်။​ အခု ပြောတဲ့ ATP ကို ဘယ်တုန်းက စတင်ခဲ့သလဲဆိုတာ မသိပေမဲ့ ၂၀၁၅ လောက်ကတည်းက စပြီးတော့ ရှိနေပြီဆိုတာ သိရပါတယ်။​အဲဒီကတည်းက ကွန်ဖရင့်တွေမှာ စာတမ်းဖတ်တာမျိုး၊​သုတေသနဂျာနယ်တွေမှာ စာတမ်း တင်တာမျိုးတွေ ရှိခဲ့တာကို ထောက်ဆပြီး ပြောရတာပါ။ အတိအကျ မသိပေမဲ့ ကြည့်ရတာကတော့ ဆရာမ ဘိုနီဝူ Dr. WU Wai Yan Bonnie က The Development and Evaluation of a Group-Based MahāyānaBuddhist Intervention—Awareness Training Program(ATP) ဆိုတဲ့ ဒေါက်တာကျမ်း ပြုစုနေစဉ်ပဲ အထက်က ပြောခဲ့တဲ့ စာတမ်းတင်/ဖတ်တာတွေ လုပ်ခဲ့တာ ထင်ပါတယ်။ မူရင်းကတော့ ဘုန်းကြီးဟင်းဟုံက အိုင်ဒီယာပေး၊ ဒေါက်တာဘိုနီဝူက အသေးစိတ် ပြုစုတာ ဖြစ်နိုင်ပါတယ်။၂၀၂၀ အထိ ATP ဆိုင်ရာ သုတေသနတွေ ထုတ်နေတာ တွေ့ရပါသေးတယ်။  

.

.

ATP ကို မဟာယာနရဲ့ Saṃdhinirmocana Sūtra ကို အခြေပြုပြီး ကျန်တဲ့ ဗုဒ္ဓဘာသာ အယူအဆတွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတာလို့ ပြောရပါမယ်။ ခေါင်းစဉ်က ပြောနေတဲ့အတိုင်းပါပဲ။ Awareness ကို မြင့်နိုင်သထက် မြင့်အောင် သုတမယ၊ စိန္တာမယ၊ ဘာဝနာမယနည်းလမ်းတွေနဲ့ Training လုပ်ပေးတဲ့ Intervention ပါ။ ဦးတည်ချက်ကတော့ Salutogenic/wellness model ဖြစ်တဲ့ Bodhisattva Path ပါပဲ။ သူတို့ တရုတ်မဟာယာန လောကမှာ အားလုံးလိုလိုက အလေးထားကြတဲ့၊ အတောင်ပံနှစ်ဘက်လို့ ရည်ညွှန်းကြတဲ့ မေတ္တာကရုဏာနဲ့ ပညာကို (Compassion & Wisdom) ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးအောင် လုပ်ပြီး စိတ်ဒုက္ခတွေ လျော့ချပေးဖို့ ရည်ရွယ်တာပါ။ Bodhicitta ကို မွေးမြူခိုင်းတာလို့ တစ်လုံးတည်း ပြောလို့ ရမယ် ထင်ပါတယ်။ 

.

.

သူတို့ မူရင်းလုပ်တဲ့ သုတေသနကို ဗဟုသုတအဖြစ် နည်းနည်းလောက် ပြောချင်ပါတယ်။​ ATP ကို စမ်းသပ်လေ့ကျင့်ချင်သူတွေကို အရင်ဆုံး စုပါတယ်။ (ဟောင်ကောင်ယူမှာ ဒီကိစ္စက ထင်တာထက် ပို ရှုပ်ပါတယ်။ ကိုယ်တို့ဆီမှာ လာဟေ့ လုပ်ကြစို့-ဆို ပြီးပေမဲ့ သူတို့မှာကျတော့ ဒါမျိုးလုပ်ဖို့အတွက် Informed Consent ရယူရပါတယ်။​အဲဒါကို ဆိုင်ရာအဖွဲ့ကို တင်ပြရပါတယ်။​ကျမ်းထဲမှာလည်း ထည့်ပြီး တင်ပြကြတာ တွေ့ရပါတယ်။) များသောအားဖြင့် CBSAA (CBS Alumni Association) ကို ဦးစားပေးတယ် ထင်ပါရဲ့။ အဲဒီနောက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံကျန်းမှု အခြေအနေကို စစ်တမ်း ကောက်ပါတယ်။ စစ်တမ်း ကောက်ဖို့အတွက် level of stress (PSS), sense of coherence (SOC), psychological well-being (GHQ), nonattachment (NAS) ဆိုတဲ့ Scale တွေကို အသုံးပြုပါတယ်။​အဲဒီနောက် ATP နည်းစနစ်တွေကို သင်ပြပေးပြီး လေ့ကျင့်ခိုင်းပါတယ်။ နောက် ပြီးတဲ့အခါကျတော့လည်း စိတ်ခံ့ကျန်းမှု အခြေအနေတွေကို ကောက်ယူပါတယ်။ ဒါတွေအပြီး ၃ လအကြာမှာလည်း ထပ်ပြီး စိတ်ခံ့ကျန်းမှု အခြေအနေတွကို ထပ် ကောက်ယူပါသတဲ့။ တချို့ကိုတော့ ဖိတ်ခေါ်ပြီး Science Lab မှာ Neuroimaging လုပ်တာတွေ ရှိပါတယ်။ ​ATP မှာ Neuroimaging ကိစ္စတွေ ဆောင်ရွက်ဖို့အတွက် Li Ka Shing Foundation က ထောက်ပံ့တယ်လို့ ဆိုပါတယ်။

.

.

သိရသလောက်တော့ ATP ကို အတော်များများ သဘောကျကြဟန် တူပါတယ်။ သူတို့အတွက် လက်တွေ့ အကျိုးကျေးဇူး ရှိတဘ်လို့လည်း ဆိုကြပါတယ်။​အတန်းဖော်တိုင်းကို လိုက် မမေးနိုင်တော့ အတိအကျတော့ ပြောလို့ မရပါဘူး။ ဒီသင်တန်းမှာ ပုံမှန်သင်တန်းချိန်အပြင် Wholeday workshp ၂ ရက် တက်ရပါသေးတယ်။  အပတ်စဉ်တိုင်း ATP နည်းနဲ့ Spiritual practice လုပ်ပြီး Meditation log ရေးရ၊ တင်ရပါတယ်။ ဒါက Assessment ရဲ့ 21% ပါ။​ တချို့ အပတ်တွေမှာ သင်တန်း မစခင် Quizz တွေ ဖြေရပါတယ် (20%)။ နောက် သင်တန်းနောက်ဆုံးကတော့ စာလုံးရေ 2,500 ခန့် Essay တစ်ပုဒ်ရေးရမှာပါ။ ဒါက 59% အတွက်ပါ။ Essay အတွက် Title (၇​)​ခု ပေးထားပြီး ကြိုက်တာ တစ်ခု ရွေးပြီး April 23 အမီ ရေး တင်ရမှာပါ။ အခုတော့ ကိုယ့်အနေနဲ့ ခေါင်းစဉ် ရွေးတဲ့အဆင့်ပဲ ရှိပါသေးတယ်။

.

.

#HKU University of Hong Kong #ဟောင်ကောင် #HongKong #MBC #Master #Buddhist #Counselling #Buddhism #MasterOfBuddhistCounselling #မဟာ #ဓမ္မမန္တနာ #HKUer #HKUers ဟောင်ကောင်တက္ကသိုလ် #ဟောင်ကောင်တက္ကသိုလ် #ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာ 2022-2023 #Scholarship #စကောလားရှစ် #ဟောင်ကောင်ယူ #VenSikHinHung

Comments

Popular posts from this blog

Research OS?

I'm not a tech-savvy, just a Buddhist monk from Myanmar. I'm preparing for my next journey: PhD. So, to get an admission and a full scholarship, I should publish a paper first. Then, I don't know which is the best AIs. I feel overwhelmed by AI Chaos. So, I got the idea to combine all AI strength into one. I don't know whether such things are already out. I use the Gemini Pro and ChatGPT. After all, I got the following "Research OS" approach. It was first to let them think about a real OS but it turned out to become this. If you've tech-skills & research-related skill, you can do more than this, I believe. This is just the beginning. The following is the last reply of Gemin Pro (20260131). Have a nice night!! #ResearchOS #Research #Students #AI #AIs #Tools #Gemini #GeminiPro #ChatGPT #SrBuddhistMentoring This is a moment of completion. We have successfully navigated from a vague desire for "one tool" to a rigorous, institution-ready Human–AI E...

HKU Curriculum Development ဟောင်ကောင်ယူရဲ့ သင်ရိုးညွှန်းတမ်းမြှင့်တင်မှုအပိုင်း

အခုဆိုရင် Capstone Project က လွဲလို့ ဒုတိယ ၆ လပတ် ကုန်ခါနီးပါပြီ။ Awareness Training Program က ပြီးသွားပါပြီ။ BC II (Buddhist Counselling 2) ကလည်း တစ်ရက်ပဲ ကျန်ပါတော့တယ်။ Dharma Therapy ကလည်း သင်ကြားမှုအပိုင်း ပြီးသွားလို့ ကျောင်းသားတွေရဲ့ Presentation ၂ ရက်စာပဲ ကျန်တော့တာပါ။ သင်တန်းပြီးဆုံးချိန် ရောက်ပြီဆိုရင် SFTL administrator, Teaching and Learning Evaluation and Measurement Unit ကနေ စာ ပို့လေ့ရှိပါတယ်။ SFTL ဆိုတာ Student Feedback on Teaching and Learning ကို ပြောတာပါ။​ ပထမ ၆ လပတ်တုန်းကလည်း အတူတူပဲ စာပို့ပါတယ်။​စာ ပို့ရုံသာမက အတန်းထဲမှာလည်း ဒီကိစ္စကို ထည့်ပြောပြီး Feedback ပေးကြဖို့ ပြောပါတယ်။​ ဒီဟာက လုံးဝ Anonymous ပါ။​ဘယ်ကျောင်းသားက ပြောတယ် - ဆိုတာမျိုး လူသိ မခံပါဘူး။ သိရင် ပြဿနာ တက်နိုင်ကိန်းတွေ ရှိတာကိုး။ သူတို့က SFTL webpage link တစ်ခု ပို့ပေးပါတယ်။ အဲဒီထဲမှာ ကိုယ် သင်ယူတဲ့ သင်တန်း အကုန်လုံးနဲ့ ပတ်သတ်ပြီး သင်ရိုးညွှန်းတမ်းအပေါ် ထင်မြင်ချက်၊ ဆရာတွေ / ကျူတာတွေအပေါ် ထင်မြင်ချက်တွေ ပေးဖို့ တောင်းဆိုထားပါတယ်။ ကြိုက်တဲ့အရာတွေ ပြောဖို့ နေရာတစ်ခု ပေးထ...

စိတ်ဓာတ်ခွန်အား သန်မာထွားစေ

 (ငြိမ်းချမ်းပါစေ မြန်မာပြည်) #BuddhistCounselling #BuddhistPsychotherapy #ဗုဒ္ဓမန္တနာ #စိတ်ခွန်အား အခက်အခဲကာလဆိုတာ လူတိုင်း ကြုံဖူးကြတဲ့အရာပါ။ သေးမွှားတယ်၊ ကြီးမားတယ်လို့ နှိုင်းယှဉ်ကြပေမဲ့ အကုန်လုံးက ကြွက်အထွာ၊  ဆင့်အထွာအလျောက် ပြင်းထန်ကြတာချည်းပါ။ ဒီလို ကာလတွေကို ဘယ်လိုတွေ ဖြတ်သန်းကြသလဲဆိုတာ ဒီအချိန်မှာ စိတ်ဝင်စားစရာ အတော်လေး ကောင်းပါတယ်။ ပြည်ပက နာမည်ကြီး (ပြောတဲ့သူနာမည် အတိအကျ မမှတ်မိတော့တဲ့) နိုင်ငံခေါင်းဆောင်တစ်ယောက်ကတော့ " နောင်တစ်ချိန်မှာ ပြန်လည် ပျော်ရွှင်ရဦးမယ်ဆို"တဲ့ စိတ်နဲ့ အခက်အခဲတွေကို ဖြတ်သန်း လေ့ ရှိပါသတဲ့။ ဒါမျိုးက ပန်ဒိုရာရဲ့ သေတ္တာလေးမှာ "မျှော်လင့်ခြင်း"ဆိုတာလေးပဲ ကျန်ရှိတော့တယ်ဆိုတဲ့ စကားကို သတိရစေပါတယ်။ ဘာမှ မကျန်တော့ဘူးဆိုရင်တောင် "မျှော်လင့်ခြင်း"ဆိုတဲ့ အလင်းတန်းလေးကတော့ ရှိမြဲ ရှိနေမှာ-ဆိုတဲ့သဘော။ "မိုးတိမ်ဟူသမျှ၌ ငွေရောင်အနား မကင်း"ဆိုတဲ့ စိတ်ထားပဲ ဆိုပါတော့။ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ဒီလိုပဲ ခွန်အားပေးခဲ့ရတာတွေ အများကြီး။ စာမေးပွဲတွေက စိတ်ဖိစီးမှု အတော်လေး ပေးတာကိုး။ စာမေးပွဲ မဖြေခင် စာကျက်နေရတာက အတော့်ကို (အတော့်...