Skip to main content

Posts

Showing posts from June, 2021

Research OS?

I'm not a tech-savvy, just a Buddhist monk from Myanmar. I'm preparing for my next journey: PhD. So, to get an admission and a full scholarship, I should publish a paper first. Then, I don't know which is the best AIs. I feel overwhelmed by AI Chaos. So, I got the idea to combine all AI strength into one. I don't know whether such things are already out. I use the Gemini Pro and ChatGPT. After all, I got the following "Research OS" approach. It was first to let them think about a real OS but it turned out to become this. If you've tech-skills & research-related skill, you can do more than this, I believe. This is just the beginning. The following is the last reply of Gemin Pro (20260131). Have a nice night!! #ResearchOS #Research #Students #AI #AIs #Tools #Gemini #GeminiPro #ChatGPT #SrBuddhistMentoring This is a moment of completion. We have successfully navigated from a vague desire for "one tool" to a rigorous, institution-ready Human–AI E...

စိတ်ဓာတ်ခွန်အား သန်မာထွားစေ

 (ငြိမ်းချမ်းပါစေ မြန်မာပြည်) #BuddhistCounselling #BuddhistPsychotherapy #ဗုဒ္ဓမန္တနာ #စိတ်ခွန်အား အခက်အခဲကာလဆိုတာ လူတိုင်း ကြုံဖူးကြတဲ့အရာပါ။ သေးမွှားတယ်၊ ကြီးမားတယ်လို့ နှိုင်းယှဉ်ကြပေမဲ့ အကုန်လုံးက ကြွက်အထွာ၊  ဆင့်အထွာအလျောက် ပြင်းထန်ကြတာချည်းပါ။ ဒီလို ကာလတွေကို ဘယ်လိုတွေ ဖြတ်သန်းကြသလဲဆိုတာ ဒီအချိန်မှာ စိတ်ဝင်စားစရာ အတော်လေး ကောင်းပါတယ်။ ပြည်ပက နာမည်ကြီး (ပြောတဲ့သူနာမည် အတိအကျ မမှတ်မိတော့တဲ့) နိုင်ငံခေါင်းဆောင်တစ်ယောက်ကတော့ " နောင်တစ်ချိန်မှာ ပြန်လည် ပျော်ရွှင်ရဦးမယ်ဆို"တဲ့ စိတ်နဲ့ အခက်အခဲတွေကို ဖြတ်သန်း လေ့ ရှိပါသတဲ့။ ဒါမျိုးက ပန်ဒိုရာရဲ့ သေတ္တာလေးမှာ "မျှော်လင့်ခြင်း"ဆိုတာလေးပဲ ကျန်ရှိတော့တယ်ဆိုတဲ့ စကားကို သတိရစေပါတယ်။ ဘာမှ မကျန်တော့ဘူးဆိုရင်တောင် "မျှော်လင့်ခြင်း"ဆိုတဲ့ အလင်းတန်းလေးကတော့ ရှိမြဲ ရှိနေမှာ-ဆိုတဲ့သဘော။ "မိုးတိမ်ဟူသမျှ၌ ငွေရောင်အနား မကင်း"ဆိုတဲ့ စိတ်ထားပဲ ဆိုပါတော့။ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ဒီလိုပဲ ခွန်အားပေးခဲ့ရတာတွေ အများကြီး။ စာမေးပွဲတွေက စိတ်ဖိစီးမှု အတော်လေး ပေးတာကိုး။ စာမေးပွဲ မဖြေခင် စာကျက်နေရတာက အတော့်ကို (အတော့်...

အချိန်ကောင်း ၂ "မတီး မမြည် စံကိစ္စ"

. (ငြိမ်းချမ်းပါစေ မြန်မာပြည်) #ဓမ္မပညာ #ရဟန်းတော်ပညာရေး #ဆရာမွမ်းမံ #စဉ်ဆက်မပြတ်လေ့လာ  #BuddhistStudies #Education #TeacherDevelopment #CPD ကိုယ်တို့ဆီမှာ နှစ်စဉ်နှစ်တိုင်း စတုတ္ထနှစ်သမားတွေ ပြုစုတဲ့ စာမျက်နှာ ၅၀ စာတမ်းကိစ္စ၊ မဟာတန်းတွေရဲ့ စာမျက်နှာ ၁၅၀ ကျမ်းကိစ္စတွေကို တွေ့ရ၊ မြင်ရ၊ ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မိတ်ဆွေတချို့နဲ့ ခဏခဏ ပြောဖြစ်ခဲ့တာက "စံကိစ္စ"ပါ။ စနစ်တကျ သတ်မှတ်ထားတဲ့ စံ မရှိတော့ ကျောင်းသားတွေ အတော်လေး ဒုက္ခရောက်ကြရတာ အခါခါ။ မှတ်မိသလောက် တချို့အဖြစ်အပျက်လေးတွေ ဖောက်သည်ချပါဦးမယ်။ စတုတ္ထနှစ်စာတမ်းကို ဆရာတိုင်းက စစ်ဆေးကြရပါတယ်။ အဲဒီမှာ ဆရာတစ်ဦးနဲ့ တစ်ဦး အယူအဆ မတူတော့ ကျောင်းသားတွေ အခက်အခဲ တွေ့ရသလို သိပ် မကြီးကြပ်တဲ့ ဆရာရဲ့ အပြောအဆိုအောက်မှာ ကြီးကြပ်တဲ့ဆရာတွေခမျာလည်း အခက်အခဲ တွေ့ကြရပြန်ပါတယ်။ (ပြောင်းပြန်ကြီးနော်။) ဥပမာ - ဆရာကြီးတစ်ဦးက "မင်းကွန်းဆရာတော်ကြီး ရေးတဲ့ မဟာဗုဒ္ဓဝင်တွေကို ကိုးကားရင်လည်း ရပါတယ်"လို့ ပြောလိုက်တဲ့ စကားက "မူရင်း ပါဠိတော်ထိ ညွှန်း၊ အဲဒါမှ မရှိရင် အဋ္ဌကထာကို ညွှန်း၊ နောက်မှ ဋီကာတို့ကို ညွှန်း" ဆိုတဲ့ ဆရာငယ်တွေရဲ့ အဆိုနဲ့ ...

အချိန်ကောင်း ၁

(ငြိမ်းချမ်းပါစေ မြန်မာပြည်) #ဓမ္မပညာ #ရဟန်းတော်ပညာရေး #ပညာရေးသဘောတရား #ပညာရေးစိတ်ပညာ #သင်ကြားသုတ #ဆရာမွမ်းမံ #စဉ်ဆက်မပြတ်လေ့လာ  #BuddhistStudies #Education #Theory #Psychology #TeachingKnowledge #TeacherDevelopment #CPD ကိုဗစ် စ ဖြစ်တဲ့ အချိန်ကတည်းက တွေးမိတာတစ်ခုကတော့ ဒီအချိန်ဟာ (ရိုးရာစာသင်တိုက်များ မပါဝင်) ခေတ်ပေါ်ပညာရေးအခြေပြုတဲ့ ရဟန်းတော်တက္ကသိုလ်တွေမှာ အနှစ်သာရပိုင်းဆိုင်ရာ မွမ်းမံဖို့ အချိန်ကောင်းပဲလို့ ထင်မြင်မိတာပါ။ (ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မွမ်းမံဖို့ လိုအပ်တာတွေကတော့ ထားလိုက်ပါတော့။) အဓိကအချက်ကတော့ အွန်လိုင်းကနေ ဆရာမွမ်းမံလုပ်ပေးဖို့ အချိန်ကောင်း ဖြစ်နေတာပါ။ အထူးသဖြင့် ပညာရေးဘာသာရပ်နဲ့ ဝေးတဲ့ ရဟန်းတော်တွေအတွက် ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာတွေအကြောင်း တီးမိခေါက်မိအောင် သိဖို့ပါ။ (ရဟန်းတော်တွေအဖို့ Like & Share လောက်ပဲ လုပ်ပေးနိုင်တဲ့ ဒီကိုညစ်ကာလမှာ ဒါလေးတွေ လုပ်နေတာက ပို အဆင်ပြေမယ်လို့ တွေးမိတာလည်း တစ်ကြောင်းပေါ့လေ။ လှူသင့်တဲ့နေရာ လှူ၊ စွန့်သင့်တဲ့နေရာ စွန့်တာတွေ လုပ်ကြတာလည်း လုပ်ကြရမှာပေါ့ နော။) ဒီအကြောင်း ရဟန်းတော်တက္ကသိုလ်တွေက တချို့ ဆရာတွေနဲ့ ဆွေးနွေးမိတဲ့အခါ (ရိုး...