(ငြိမ်းချမ်းပါစေ မြန်မာပြည်)
#BuddhistCounselling #BuddhistPsychotherapy #ဗုဒ္ဓမန္တနာ #စိတ်ခွန်အား
အခက်အခဲကာလဆိုတာ လူတိုင်း ကြုံဖူးကြတဲ့အရာပါ။ သေးမွှားတယ်၊ ကြီးမားတယ်လို့ နှိုင်းယှဉ်ကြပေမဲ့ အကုန်လုံးက ကြွက်အထွာ၊ ဆင့်အထွာအလျောက် ပြင်းထန်ကြတာချည်းပါ။ ဒီလို ကာလတွေကို ဘယ်လိုတွေ ဖြတ်သန်းကြသလဲဆိုတာ ဒီအချိန်မှာ စိတ်ဝင်စားစရာ အတော်လေး ကောင်းပါတယ်။
ပြည်ပက နာမည်ကြီး (ပြောတဲ့သူနာမည် အတိအကျ မမှတ်မိတော့တဲ့) နိုင်ငံခေါင်းဆောင်တစ်ယောက်ကတော့ "နောင်တစ်ချိန်မှာ ပြန်လည် ပျော်ရွှင်ရဦးမယ်ဆို"တဲ့ စိတ်နဲ့ အခက်အခဲတွေကို ဖြတ်သန်းလေ့ ရှိပါသတဲ့။ ဒါမျိုးက ပန်ဒိုရာရဲ့ သေတ္တာလေးမှာ "မျှော်လင့်ခြင်း"ဆိုတာလေးပဲ ကျန်ရှိတော့တယ်ဆိုတဲ့ စကားကို သတိရစေပါတယ်။ ဘာမှ မကျန်တော့ဘူးဆိုရင်တောင် "မျှော်လင့်ခြင်း"ဆိုတဲ့ အလင်းတန်းလေးကတော့ ရှိမြဲ ရှိနေမှာ-ဆိုတဲ့သဘော။ "မိုးတိမ်ဟူသမျှ၌ ငွေရောင်အနား မကင်း"ဆိုတဲ့ စိတ်ထားပဲ ဆိုပါတော့။
ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ဒီလိုပဲ ခွန်အားပေးခဲ့ရတာတွေ အများကြီး။ စာမေးပွဲတွေက စိတ်ဖိစီးမှု အတော်လေး ပေးတာကိုး။ စာမေးပွဲ မဖြေခင် စာကျက်နေရတာက အတော့်ကို (အတော့်ကို) ပျင်းစရာကောင်းတာ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး လှည့်စားရတယ်။ (ဆက် ဖတ်ပြီး မရယ်ရဘူးနော်။ ကတိ။) "ဟုတ်ပြီ၊ အခု စာကျက်ချိန်က တစ်လဆိုတော့ ရက်စုံလမို့ ရက်ပေါင်း ၃၀၊ စာမေးပွဲက အဲဒီနောက် (တစ်ရက်နား အပါအဝင်) ၈ ရက်။ ဒီတော့ အားလုံးပေါင်းရင် အနားယူဖို့က ၃၈ ရက်ပဲ လိုတော့တယ်။ ရွာပြန်ရဖို့ ၃၈ ရက်ပဲ လိုတော့တယ်၊ အမေတို့နဲ့ တွေ့ဖို့၊ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ၃၈ ရက်ပဲ လိုတော့တယ်"လို့ အားပေးရတာ။ ဒါတင်မက စာမေးပွဲဖြေချိန် ရောက်ပြီဆိုရင်လည်း "ကဲ၊ ကိုယ့်လူရေ၊ တစ်ရက်မှ ၃ နာရီပဲ ထိုင်ရမှာပါကွ။ ဒီတော့ 3x7=21 နာရီတည်းရယ်။ ဒီ့ထက်ပိုပြီး ထိုင်စရာ မလိုဘူး။ မင်းက ထိုင်ချင်ရင်တောင် အခန်းစောင့်တွေက ထိုင်ခွင့် မပြုနိုင်ဘူး"လို့ ခွန်အားဖြည့်ပေးရသေးတာ။ ဒီလိုနဲ့ပဲ ပျင်းစရာကောင်းလွန်းတဲ့ စာမေးပွဲတွေကို ဖြတ်သန်းခဲ့ရတာပဲ။
မမှတ်မိတော့တာတွေ အများကြီးထဲက တစ်ခုကတော့ "အောင်မြင်မှု ရလာတဲ့အခါ ပင်ပန်းမှုတွေ ပျောက်သွားမှာပါ"ဆိုတဲ့ စကားကို ဘယ်သူပြောမှန်း မသိတာပါ။ လွန်ခဲ့တဲ့ ၂၀၀၈ လောက်တုန်းက မိတ်ဆွေ ရဟန်းတစ်ပါးကို ဒီစကားလေး ပြောဖြစ်တော့ "ဟုတ်တယ် ဦးဇင်းရေ၊ စာမေးပွဲ မပြီးခင်က အိပ်ရေးပျက်ပြီး အိပ်ချင်လိုက်တာ လွန်ပါရော။ စာမေးပွဲလည်း ပြီးသွားရော အိပ်ချင်စိတ်တွေက ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး။ တစ်ညလုံး ကျောက်တော်ကြီးပွဲ သွားကြည့်လိုက်တယ်"တဲ့။ (ကျောက်တော်ကြီးပွဲ စပြီဆိုရင် ဒီက စာကျက်ချိန် စတဲ့အချိန်။ ဒီက စာမေးပွဲတွေ ဖြေနေတုန်း ဟိုက ဗုံသံမောင်းသံတွေ တဒူဒူနဲ့။ အရွယ်ကောင်း ရှင်/ရဟန်းတွေ အများကြီး စိတ်ထိန်းရတယ် ဆိုပါစို့။) ဒီလိုပါပဲ။ အောင်မြင်မှု ရလာတဲ့အခါ ပင်ပန်းမှုတွေ ပျောက်သွားမှာလို့ စိတ်ထဲမှာ တွေးထားရင် လက်ရှိ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ပါတယ်။
ကိုယ်တို့ဆီကနေ တောင်တန်းဒေသကို နှစ်စဉ် သာသနာပြု ကြွကြရတဲ့ ဦးဇင်းတွေ ရှိတယ်။ ဟိုဘက်မှာ အခက်အခဲ အမျိုးမျိုး ကြုံကြရတယ်။ တချို့ဆို ပြန်လာတဲ့အခါ ငှက်ဖျား ပါလာခဲ့တဲ့သူတွေ ရှိတယ်။ ဦးနှောက်ထိ ပိုးဝင်တဲ့သူတွေ ရှိတယ်။ တချို့ (ကိုယ့်သူငယ်ချင်းတစ်ပါး အပါအဝင်) ပျံတော်မူသွားရသူတွေ ရှိတယ်။ အခက်အခဲတွေ ကြားနေရတာ။ ဒီတော့ တောင်တန်းသွားကြရမဲ့သူတွေလည်း သူ့ဟာနဲ့သူ အားပေးရတယ်။ သူ့အိုင်ဒီယာနဲ့ သူ။ "နှစ်စဉ် ရန်ကုန်ကရော၊ မန္တလေးကပါ သံဃာ ၁၅၀ လောက် တောင်တန်းသွားကြရတာ။ ဒီအထဲက ပြန်မလာနိုင်တဲ့သူက နည်းနည်းလေး။ လက်ချိုးရေရင် လက်တစ်ဖက်တောင် မပြည့်ဘူး။ ဒီတော့ ငါတို့လည်း ပြန်လာနိုင်ရမှာပေါ့"လို့ အားတင်းကြတာပါ။ ခြေမွေး မီးမလောင်၊ လက်မွေး မီးမလောင် နေလာကြတဲ့ သံဃာတွေ တောင်တန်းရောက်တဲ့အခါ ကြုံရတဲ့ ဒုက္ခကလည်း စာဖွဲ့လို့ မကုန်ပါဘူး။ ဒီလိုနဲ့ပဲ သူတို့ အတောင်အလက်တွေ စုံသွားကြတာပါ။
မြတ်စွာဘုရား ညွှန်ပြတဲ့ နည်းလမ်းတစ်ခုကတော့ တဖြည်းဖြည်းချင်းနဲ့ "နင့် အပူ လူတိုင်းရှိ"လို့ သိအောင် လုပ်ပေးတာပါ။ အတော်များများ ကြားဖူးပါလိမ့်မယ်။ အဖြစ်အပျက်က ကိသာဂေါတမီဆိုတဲ့ အမျိုးသမီး။ သူ့သားငယ်လေး ဆုံးသွားတော့ "လူဆိုတာ ကွယ်လွန်တတ်တဲ့ သဘော ရှိပါလား"လို့ လက်မခံနိုင်ဘူး။ သူ့သားငယ် သေဆုံးသွားတယ်ဆိုတာကို စိတ်က လက်မခံနိုင်ဖြစ်နေတာ၊ မယုံနိုင်ဖြစ်နေတာ။ မြတ်စွာဘုရားဆီ ရောက်တဲ့အခါ ("ကဲ၊ ကဲ ကန့်တော့ပွဲ အရင် ပြင်"ဆိုပြီး တရားဟောတာ မဟုတ်ဘဲ :D :D ) သူ့ကို စဉ်းစားချိန်လေး ပေးလိုက်တယ်။ သူကိုယ်တိုင် အရှိတရားကို လက်ခံလာအောင် လမ်းညွှန်လိုက်ပါတယ်။ (စကားမစပ် ဒီနည်းလမ်းက "ဗုဒ္ဓမန္တနာ"လို့ အမည်တပ်နိုင်တဲ့ Buddhist Counselling/Buddhist Psychotherapy မှာ အတုယူစရာ နည်းလမ်းတစ်ခုပါ။) အဲဒါကတော့ "ကလေးမ၊ မြို့ထဲကို သွား။ အိမ်တစ်အိမ်ကနေ မုန်ညင်းစေ့တွေ တောင်းယူခဲ့။ ဒါပေမဲ့ အဲဒီအိမ်မှာ လူ ကွယ်လွန်ဖူးတာမျိုး မရှိရဘူး"တဲ့။ "လူ မဆုံးဖူးတဲ့ အိမ်က မုန်ညင်းစေ့ ယူခဲ့"လို့ ခိုင်းလိုက်တာပါ။ ကိသာဂေါတမီခမျာ သူ့သား အသေကောင်လေး ပိုက်ပြီး တစ်အိမ်တက်ဆင်း လိုက်ရှာတာ။ ဒီတော့မှ တဖြည်းဖြည်းချင်း စဉ်းစားချိန် ရလာပြီး "အော် လူဆိုတာ ဒီလိုမျိုး ကွယ်လွန်တတ်တာပါပဲလား"လို့ လက်ခံလာပါတော့တယ်။ (အ-နိစ္စကို လက်ခံလာပါတော့တယ်။) ဒီလို အရှိတရား၊ အမှန်တရားကို လက်ခံလိုက်မှပဲ သူ့ရဲ့ စိတ်ဆင်းရဲမှုက အတော်အသင့် သက်သာသွားတာပါ။ အခုချိန်မှာလည်း ဒီလိုပါပဲ။ "ဒီလိုမျိုးတွေ ဖြစ်တတ်ပါလား။ ငါ တစ်ဦးတည်း ဖြစ်တာ မဟုတ်ပါလား။ လူတိုင်း သူ့အပူနဲ့သူ ရှိနေကြတာပါပဲလား"လို့ လက်ခံနိုင်ရင် အထိုက်အလျောက်တော့ စိတ်ဓာတ်ခွန်အား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဒီအချိန်ဟာ လူတိုင်းအတွက် ခက်ခဲတဲ့အချိန်ပါ။ "ရှင်သန်ကျန်ရစ်"နိုင်အောင် ရနိုင်သမျှ နည်းလမ်းတွေ ထုတ်သုံးပြီး စိတ်ဓာတ်ခွန်အား သန်မာထွားကြဖို့ လိုအပ်ပါတယ်။
ကိုဗစ်ဘေး ကိုညစ်ဘေး ကင်းဝေးကြပါစေ။
ငြိမ်းချမ်းပါစေ မြန်မာပြည်
I'm not a tech-savvy, just a Buddhist monk from Myanmar. I'm preparing for my next journey: PhD. So, to get an admission and a full scholarship, I should publish a paper first. Then, I don't know which is the best AIs. I feel overwhelmed by AI Chaos. So, I got the idea to combine all AI strength into one. I don't know whether such things are already out. I use the Gemini Pro and ChatGPT. After all, I got the following "Research OS" approach. It was first to let them think about a real OS but it turned out to become this. If you've tech-skills & research-related skill, you can do more than this, I believe. This is just the beginning. The following is the last reply of Gemin Pro (20260131). Have a nice night!! #ResearchOS #Research #Students #AI #AIs #Tools #Gemini #GeminiPro #ChatGPT #SrBuddhistMentoring This is a moment of completion. We have successfully navigated from a vague desire for "one tool" to a rigorous, institution-ready Human–AI E...
Comments
Post a Comment