အခုဆိုရင် Capstone Project က လွဲလို့ ဒုတိယ ၆ လပတ် ကုန်ခါနီးပါပြီ။ Awareness Training Program က ပြီးသွားပါပြီ။ BC II (Buddhist Counselling 2) ကလည်း တစ်ရက်ပဲ ကျန်ပါတော့တယ်။ Dharma Therapy ကလည်း သင်ကြားမှုအပိုင်း ပြီးသွားလို့ ကျောင်းသားတွေရဲ့ Presentation ၂ ရက်စာပဲ ကျန်တော့တာပါ။ သင်တန်းပြီးဆုံးချိန် ရောက်ပြီဆိုရင် SFTL administrator, Teaching and Learning Evaluation and Measurement Unit ကနေ စာ ပို့လေ့ရှိပါတယ်။ SFTL ဆိုတာ Student Feedback on Teaching and Learning ကို ပြောတာပါ။ ပထမ ၆ လပတ်တုန်းကလည်း အတူတူပဲ စာပို့ပါတယ်။စာ ပို့ရုံသာမက အတန်းထဲမှာလည်း ဒီကိစ္စကို ထည့်ပြောပြီး Feedback ပေးကြဖို့ ပြောပါတယ်။ ဒီဟာက လုံးဝ Anonymous ပါ။ဘယ်ကျောင်းသားက ပြောတယ်-ဆိုတာမျိုး လူသိ မခံပါဘူး။ သိရင် ပြဿနာ တက်နိုင်ကိန်းတွေ ရှိတာကိုး။ သူတို့က SFTL webpage link တစ်ခု ပို့ပေးပါတယ်။ အဲဒီထဲမှာ ကိုယ် သင်ယူတဲ့ သင်တန်း အကုန်လုံးနဲ့ ပတ်သတ်ပြီး သင်ရိုးညွှန်းတမ်းအပေါ် ထင်မြင်ချက်၊ ဆရာတွေ/ကျူတာတွေအပေါ် ထင်မြင်ချက်တွေ ပေးဖို့ တောင်းဆိုထားပါတယ်။ ကြိုက်တဲ့အရာတွေ ပြောဖို့ နေရာတစ်ခု ပေးထားသလို စိစစ်သင့်/မြှင့်တင့်သင့်တဲ့အရာတွေကို ပြောဖို့ နေရာတစ်ခုလည်း ပေးထားပါတယ်။
.
.
ဒါတင်မက ၆ လပတ် ပြီးတဲ့အချိန်မှာလည်း Zoom meeting လေး စီစဉ်ပြီး ကျောင်းသားတွေရဲ့ Feedback ကို နားထောင်ကြပါတယ်။ ပြီးခဲ့တဲ့ ၆ လပတ်တုန်းက Zoom meeting မှာ ကျောင်းသား ၁၀ ဦးလောက်က Feedback ပေးကြတာကို တွေ့ရပါတယ်။ ကြားဖူးတာကတော့ ပြီးခဲ့တဲ့ နှစ်တုန်းက အဲဒီ Zoom meeting feedback session မှာ ဆရာတွေ မျက်နှာပျက်လောက်အောင် ပြောတဲ့သူ ရှိတယ်လို့တောင် ဆိုပါတယ်။ ဒါပေမဲ့ ဆရာတွေကတော့ သူတို့ ခံစားချက်ကို ကောင်းကောင်း ထိန်းနိုင်ကြတယ်လို့ ကြားရပါတယ်။ ပြီးခဲ့တဲ့ ၆ လပတ်တုန်းကတော့ အဲဒီလောက်ထိ ပြင်းထန်တာမျိုး မပါပါဘူး။ သဘောကျတဲ့အကြောင်း၊ သူတို့ ဘဝကို ဘယ်လို အကျိုးပြုကြောင်း ပြောကြတာ များပါတယ်။ တချို့ ကျောင်းသားတွေ ပြောမယ်လို့ ထင်ထားတဲ့ Mindful Yoga အကြောင်းကိုတောင် ပြောကြတာ မရှိပါဘူး။ (SFTL website ထဲမှာ ပြောပြီးသား ဖြစ်ချင် ဖြစ်မယ်။)
.
.
ကိုယ်ကတော့ ၂ နေရာလုံးမှာ Feedback ပေးဖြစ်ပါတယ်။ ပို ကောင်းမယ်လို့ ထင်တာလေးတွေ ပြောဖြစ်တာပါပဲ။ တစ်ခုရှိတာက ဒီဟာက မဖြစ်မနေ လုပ်ရတဲ့ဟာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Feedback ပေးကြဖို့ကို ဆရာတွေ/ဆရာအကူတွေက တရေးတယူ ပြောကြတာမို့ ကျောင်းသားအများစုက Feedback ပေးဖြစ်တယ်လို့ ယူဆပါတယ်။ နောက်တစ်ခု တွေ့မိတာက ကျောင်းသားတစ်ဦးနဲ့တစ်ဦး ခံစားချက်ချင်း ကွာတာကိုလည်း သတိထား တွေ့မိပါတယ်။ကိုယ်တို့ သာသနာ့ဝန်ထမ်းတွေက မြန်မာ့ ဖရီးဓလေ့နဲ့ တက်လာခဲ့တော့ “တန်ဖိုး”ကို သိပ် မမြင်မိပါဘူး။ ပိုက်ဆံပေးပြီး တက်ကြတဲ့ သူတွေကျတော့ ကောင်းရင် ကောင်း/ မကောင်းရင် မကောင်း-ပြောဖို့ ဝန် မလေးကြဘူးလို့ ယူဆမိပါတယ်။သူတို့က သင်တန်းကြေးရော အချိန်တွေ လုပ်အားတွေပါ ပေးထားရတာကိုး။ Buddhist Meditation သင်တန်း သိပ် အဆင်မပြေတဲ့ အကြောင်းကို အတန်းဖော်တွေနဲ့ ပြောကြတုန်းကဆို “အဲဒီအကြောင်းကို Feedback ပေးကြရမှာ။ အခုလို ဖြစ်နေတာ အရင်တုန်းက Feedback ပေးကြတဲ့သူ မရှိလို့၊ ဒါမှမဟုတ် Feedback ပေးတဲ့သူ နည်းလို့ ဖြစ်မယ်”လို့ မဆိုင်းမတွ ပြောကြပါတယ်။ အဲဒီတုန်းက ကိုယ်က Feedback ဓလေ့ကို သိမထားတော့ နည်းနည်း အံ့ဩမိတာ အမှန်ပါ။
.
.
တခြား Department တွေမှာ အပြောင်းအလဲ ဘယ်လို ရှိမလဲ မသိပေမဲ့ CBS (Centre of Buddhist Study) မှာတော့ အခုလို Feedback တွေရဲ့ သက်ရောက်မှုကို မြင်ရပါတယ်။ ပြီးခဲ့တဲ့ ၆ လပတ်တုန်းက သင်တန်းသား နှစ်ဦးလောက်က Zoom meeting မှာ “MBS ပြီးပြီးသား ကျောင်းသားတွေအတွက် MBC တက်တဲ့အခါ ရွေးချယ်စရာ Course တွေ နည်းပါးနေပါသေးတယ်”လို့ ပြောတာ တွေ့ပါတယ်။ (ဒီကိစ္စကို SFTL website မှာ သူတို့ တင်ပြ/မတင်ပြတော့ မသိပါဘူး။) သိပ် မကြာသေးခင်ကပဲ ‘လာမဲ့နှစ်မှာ ရွေးစရာ Course အသစ်တစ်ခု တိုးပေးထားပါတယ်’ဆိုတဲ့အကြောင်း သတင်းကြားရတယ်။ ကျောင်းသားတွေရဲ့ Feedback အပေါ် အခြေပြုပြီး Teaching Excellence Award တွေ ပေးတာကိုလည်း တွေ့ရတာကြောင့် တခြား Dept တွေမှာလည်း Feedback ရဲ့ သက်ရောက်မှု ရှိမယ်လို့ပဲ ယုံကြည်ပါတယ်။
.
.
#HKU University of Hong Kong #ဟောင်ကောင် #HongKong #MBC #Master #Buddhist #Counselling #Buddhism #MasterOfBuddhistCounselling #မဟာ #ဓမ္မမန္တနာ #HKUer #HKUers ဟောင်ကောင်တက္ကသိုလ် #ဟောင်ကောင်တက္ကသိုလ် #ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာ 2022-2023 #Scholarship #စကောလားရှစ် #ဟောင်ကောင်ယူ
Comments
Post a Comment