2024 Master program တွေ လျှောက်မယ်ဆိုရင် စတင် ပြင်ဆင်၊ လျှောက်သင့်ပါပြီ။
.
.
- MBS (Master of Buddhist Studies)
Application deadline ကတော့ Round 1 က December 15 ပါ။ Round 2 ကတော့ February 29 အထိ ရှိပါတယ်။ လျှောက်ချင်ရင်တော့ Round 1 ထဲ ပါအောင် လျှောက်တာ ကောင်းပါတယ်။ အသေးစိတ်ကို https://www.buddhism.hku.hk/ap/mbs/admission/ မှာ လေ့လာပါ။ သိထားသလောက် (တက်နေဆဲကျောင်းသား အပါအဝင်) မြန်မာနိုင်ငံက ၄ ပါး ရှိပါပြီ။ အကုန်လုံး Scholarship နဲ့ပါ။
.
.
- MBC (Master of Buddhist Counselling)
Application deadline က February 29 ပါ။ အသေးစိတ် သိချင်ရင် https://www.buddhism.hku.hk/ap/mbc/admission ကို သွားပါ။ သိထားသလောက် (တက်နေဆဲ ကျောင်းသားတွေ အပါအဝင်) မြန်မာကျောင်းသား ၆ ပါး ရှိသွားပါပြီ။ အားလုံး Scholarship ရကြပါတယ်။ ဒီဟာက ကိုယ် လျှောက်ခဲ့တဲ့လမ်းမို့ ကိုယ့်အတွေ့အကြုံတွေကို သိချင်ရင် ကိုယ့် Wall ပေါ်မှာ အတော်လေး အသေးစိတ် ရေးထားပါတယ်။ (မရေးသင့်ဘူးလို့ ထင်တဲ့ ပုဂ္ဂလိကပိုင်းဆိုင်ရာတွေကိုတော့ ခဏ ချန်ထားခဲ့ပါတယ်။ နောက်ကျမှ ရေးပါမယ်။ :D :D ) ဖတ်ချင်တယ်ဆိုရင်တော့ 2022 June လောက်ကနေ စပြီး ဖတ်စေချင်ပါတယ်။
.
.
Scholarship အကြောင်းတွေကိုလည်း အထက်က Link တွေမှာ တွေ့ရပါမယ်။ ဒါနဲ့ ပတ်သက်ပြီး မနှစ်က အတွေ့အကြုံတစ်ခု ပြောပါရစေဦး။ဒီကိုရောက်ပြီး ၃/၄ လ အကြာမှာ မိတ်ဆွေတချို့နဲ့ စကားပြောဖြစ်တော့ “Scholarship အားကိုးပြီး ဝင်ခွင့်ရအောင် လျှောက်သာ လျှောက်ပါ။ Scholarship က မလျှောက်လို့ မရကြတာပါ။ လျှောက်ရင် ရပါတယ်။ ချသာ ချပါ။”လို့ သူတို့ မိုတီ ရစေချင်လို့ ကိုယ်က အားတက်သရော ခွန်အားတွေ ပေးလိုက်မိပါတယ်။ သူတို့က ဒါကို တလွဲမှတ်ပြီး “လွယ်ပါသတဲ့။ မလျှောက်လို့သာ မရတာပါတဲ့”လို့ ပြန်ပြောကြပါသတဲ့။ ကိုယ်ဖြင့် ဘာမှ ပြန် မပြောမိ။ :D :D ရင်းနှီးတဲ့ မိတ်ဆွေတချို့ကိုတော့ “နွား ကောင်း မကောင်း ချောင်းတက်ရင် သိပါလိမ့်မယ်”လို့သာ။
.
.
ဒီ Program တွေအကြောင်းကို Knowledge sharing စီစဉ်ခဲ့တာ ၂ ကြိမ် ရှိခဲ့ပါပြီ။ တမြန်နှစ်က ကိုယ်က ဖိတ်ခေါ်ပြီး စီစဉ်တာပါ။ ကိုယ်က သိချင်တဲ့သူကိုး။ မနှစ်တုန်းက Dec 16 မှာတော့ ကိုယ်တိုင် မင်းသားအဖြစ် ပါဝင် က ပြခဲ့ပါတယ်။ဒီနှစ်လည်း စိတ်ဝင်စားတဲ့သူ ရှိရင်တော့ စီစဉ်ချင်ပါသေးတယ်။ဒီနှစ်ကတော့ ကိုယ်တွေက ဇာတ်ပို့ဇာတ်ရံအဖြစ်လောက်သာ။
.
.
အစစအရာရာ အဆင်ပြေကြပါစေ။
.
#HKU University of Hong Kong #ဟောင်ကောင် #HongKong #MBC #Master #Buddhist #Counselling #Buddhism #MasterOfBuddhistCounselling #MBS #MasterOfBuddhistStudies #မဟာ #HKUer #HKUers ဟောင်ကောင်တက္ကသိုလ် #ဟောင်ကောင်တက္ကသိုလ် #ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာ 2024-2025 #Scholarship #စကောလားရှစ် #ဟောင်ကောင်ယူ
Comments
Post a Comment