Skip to main content

Research OS?

I'm not a tech-savvy, just a Buddhist monk from Myanmar. I'm preparing for my next journey: PhD. So, to get an admission and a full scholarship, I should publish a paper first. Then, I don't know which is the best AIs. I feel overwhelmed by AI Chaos. So, I got the idea to combine all AI strength into one. I don't know whether such things are already out. I use the Gemini Pro and ChatGPT. After all, I got the following "Research OS" approach. It was first to let them think about a real OS but it turned out to become this. If you've tech-skills & research-related skill, you can do more than this, I believe. This is just the beginning. The following is the last reply of Gemin Pro (20260131). Have a nice night!! #ResearchOS #Research #Students #AI #AIs #Tools #Gemini #GeminiPro #ChatGPT #SrBuddhistMentoring This is a moment of completion. We have successfully navigated from a vague desire for "one tool" to a rigorous, institution-ready Human–AI E...

Being with the elderly, sick and dying & Buddhist liturgy and rituals

ဒီ သင်တန်း ၂ ခုကတော့ MBC ရဲ့ Elective Courses တွေထဲမှာ မယူဖြစ်လိုက်တဲ့ ဘာသာရပ် ၂ ခုပါ။ မကောင်းလို့ မယူဖြစ်တာ မဟုတ်ဘဲ အချိန် မပေးနိုင်လို့ မယူဖြစ်တာပါ။ ဒါပေမဲ့ အစပိုင်း ရက်တွေမှာ သွားပြီး နားထောင်လေ့ရှိပါတယ်။ Course description ထဲမှာ တင်ပြထားတာတွေနဲ့ တက်ဖူးတဲ့သူတွေရဲ့ အတွေ့အကြုံကိုပဲ အနည်းအကျဉ်း ပြောချင်ပါတယ်။ အသေးစိတ် လေ့လာထားတာ မဟုတ်လို့ ပြောရတာ အားမရပါဘူး။

.

.

Being with the elderly, sick and dying

သင်တန်းရဲ့ နာမည်အတိုင်းပဲ လူနာတွေနဲ့ ကွယ်လွန်ခါနီးသူတွေကို ဘယ်လို နှစ်သိမ့်ပေးမလဲ-ဆိုတာကို သင်ယူကြရပါသတဲ့။ သဘောကျစရာ ကောင်းတာကတော့ ဖတ်ရမဲ့ စာအုပ် ဆောင်းပါးတွေကို ‘ဖတ်ကို ဖတ်ရမည်’ ‘ဖတ်သင့်သည်’ ဖတ်ချင် ဖတ်နိုင်သည်’ဆိုပြီး ခွဲပြပေးထားတာလေးက အတုယူစရာပါ။ ဒီသင်တန်းမှာ Class participant (20%), 10 minutes Group Presentation (30%) နဲ့ Essay (3000-4000 words, 50%) ဆိုပြီး Assessment သတ်မှတ်ထားပါတယ်။ အစောပိုင်း ၃ ရက်လောက် တက်ကြည့်တုန်းက အတွေ့အကြုံအရ သင်ပေးတဲ့ ဘာသာရပ်က ကောင်းပါတယ်။​ဒါပေမဲ့ သင်ပုံသင်နည်းက လိုအပ်တော့ ပျင်းစရာ ကောင်းသလို ထင်ရပါတယ်။​ဒါက ကိုယ့်သက်သက် အယူအဆပါ။ သင်တန်းကို အပြည့်အစုံ တက်တဲ့ ၃ ယောက်လောက်ကို မေးကြည့်တော့ သူတို့ကတော့ သဘောကျကြတယ်လို့ ပြောပါတယ်။ သင်ပုံသင်နည်း အဆင်မပြေပေမဲ့ သင်ရိုးစာအုပ် ဆောင်းပါးတွေကြောင့် အများကြီး သင်ယူမိတယ်လို့ ပြောပါတယ်။​ အသက် ၆၀ ကျော်အရွယ် အတန်းဖော် ၂ ယောက်ကတော့ အဲဒီအတန်းကို အတော်လေး သဘောကျပါသတဲ့။ သူတို့က အသက်အရွယ်အရ အသက်ကြီးသူတွေရဲ့ လိုအပ်ချက်ကို ပို သိထားတာကြောင့်လည်း ပါမယ်-လို့ ပြောကြပါတယ်။

.

.

Buddhist liturgy and rituals

ဒီသင်တန်းက အခု ဒုတိယ ၆ လပတ်မှ သင်တဲ့ သင်တန်းပါ။ ပြီးတောင် မပြီးသေးပါဘူး။ သင်တန်းကို မယူဖြစ်ပေမဲ့ အားတဲ့အခါ တက် နားထောင်ဖြစ်ပါတယ်။​ဗုဒ္ဓဘာသာအားလုံးရဲ့ ဘာသာရေးဓလေ့ထုံးစံတွေကို လေ့လာရတဲ့ ဘာသာရပ်ပါ။ တရုတ်မဟာယာန၊ တိဘက်၊​ထေရဝါဒ အကုန် တို့ ထိပါတယ်။ သက်ဆိုင်ရာ ဆရာ ၃ ဦးက သူ့အပိုင်းနဲ့သူ သင်ပေးတာပါ။​​ဒီဓလေ့ထုံးစံတွေကို ဘာသာရေးသဘောအရသာမက လူမှုရေးသဘောအရ၊ စိတ်ပညာသဘောအရ?ပါ ချဉ်းကပ်ပြတာကို တွေ့ရပါတယ်။ စိတ်ဝင်စားဖွယ် ကောင်းတာကတော့ Liturgy & Ritual တွေကို ဘာသာရေးနဲ့ ထိတွေ့ခွင့်ရဖို့ ကြားခံအဖြစ် သုံးတယ်-ဆိုတဲ့ သဘောပါ။ ဒါပေမဲ့ ထေရဝါဒနဲ့ ပတ်သက်တဲ့အခါမှာတော့ ‘ထေရဝါဒမှာ ဗုဒ္ဓဘာသာဓလေ့ထုံးစံ မရှိ’ဆိုတဲ့ အမြင်နဲ့ ချဉ်းကပ်ပြတာကို တွေ့ရပါတယ်။​ဒီလို ယူဆရခြင်းရဲ့ အကြောင်းကိုလည်း ရှင်းပြပါတယ်။ (ဘုရားပွဲ၊ ကထိန်ပွဲ စတဲ့ ပွဲတွေအကြောင်းလည်း သူတို့ သိကြ၊ တင်ပြကြပါတယ်။) အဓိကအချက်ကတော့ Liturgy & Ritual တွေရဲ့ သဘောက သီလဗ္ဗတပရာမာသနဲ့ ဆက်စပ်နေနိုင်တာကြောင့်? ထေရဝါဒ ဆရာ့ဆရာများက သိပ် အရေးမလုပ်တဲ့သဘောလို့ ယူဆတဲ့သဘော တွေ့ရပါသတဲ့။ Assessment ကတော့ Group presentation (30 minutes, 30%) နဲ့ Short essay (3000-3500 words, 70%) ပါ။

.

.

#HKU University of Hong Kong #ဟောင်ကောင် #HongKong #MBC #Master #Buddhist #Counselling #Buddhism #MasterOfBuddhistCounselling #မဟာ #ဓမ္မမန္တနာ #HKUer #HKUers ဟောင်ကောင်တက္ကသိုလ် #ဟောင်ကောင်တက္ကသိုလ် #ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာ 2022-2023 #Scholarship #စကောလားရှစ် #ဟောင်ကောင်ယူ

Comments

Popular posts from this blog

Research OS?

I'm not a tech-savvy, just a Buddhist monk from Myanmar. I'm preparing for my next journey: PhD. So, to get an admission and a full scholarship, I should publish a paper first. Then, I don't know which is the best AIs. I feel overwhelmed by AI Chaos. So, I got the idea to combine all AI strength into one. I don't know whether such things are already out. I use the Gemini Pro and ChatGPT. After all, I got the following "Research OS" approach. It was first to let them think about a real OS but it turned out to become this. If you've tech-skills & research-related skill, you can do more than this, I believe. This is just the beginning. The following is the last reply of Gemin Pro (20260131). Have a nice night!! #ResearchOS #Research #Students #AI #AIs #Tools #Gemini #GeminiPro #ChatGPT #SrBuddhistMentoring This is a moment of completion. We have successfully navigated from a vague desire for "one tool" to a rigorous, institution-ready Human–AI E...

HKU Curriculum Development ဟောင်ကောင်ယူရဲ့ သင်ရိုးညွှန်းတမ်းမြှင့်တင်မှုအပိုင်း

အခုဆိုရင် Capstone Project က လွဲလို့ ဒုတိယ ၆ လပတ် ကုန်ခါနီးပါပြီ။ Awareness Training Program က ပြီးသွားပါပြီ။ BC II (Buddhist Counselling 2) ကလည်း တစ်ရက်ပဲ ကျန်ပါတော့တယ်။ Dharma Therapy ကလည်း သင်ကြားမှုအပိုင်း ပြီးသွားလို့ ကျောင်းသားတွေရဲ့ Presentation ၂ ရက်စာပဲ ကျန်တော့တာပါ။ သင်တန်းပြီးဆုံးချိန် ရောက်ပြီဆိုရင် SFTL administrator, Teaching and Learning Evaluation and Measurement Unit ကနေ စာ ပို့လေ့ရှိပါတယ်။ SFTL ဆိုတာ Student Feedback on Teaching and Learning ကို ပြောတာပါ။​ ပထမ ၆ လပတ်တုန်းကလည်း အတူတူပဲ စာပို့ပါတယ်။​စာ ပို့ရုံသာမက အတန်းထဲမှာလည်း ဒီကိစ္စကို ထည့်ပြောပြီး Feedback ပေးကြဖို့ ပြောပါတယ်။​ ဒီဟာက လုံးဝ Anonymous ပါ။​ဘယ်ကျောင်းသားက ပြောတယ် - ဆိုတာမျိုး လူသိ မခံပါဘူး။ သိရင် ပြဿနာ တက်နိုင်ကိန်းတွေ ရှိတာကိုး။ သူတို့က SFTL webpage link တစ်ခု ပို့ပေးပါတယ်။ အဲဒီထဲမှာ ကိုယ် သင်ယူတဲ့ သင်တန်း အကုန်လုံးနဲ့ ပတ်သတ်ပြီး သင်ရိုးညွှန်းတမ်းအပေါ် ထင်မြင်ချက်၊ ဆရာတွေ / ကျူတာတွေအပေါ် ထင်မြင်ချက်တွေ ပေးဖို့ တောင်းဆိုထားပါတယ်။ ကြိုက်တဲ့အရာတွေ ပြောဖို့ နေရာတစ်ခု ပေးထ...

စိတ်ဓာတ်ခွန်အား သန်မာထွားစေ

 (ငြိမ်းချမ်းပါစေ မြန်မာပြည်) #BuddhistCounselling #BuddhistPsychotherapy #ဗုဒ္ဓမန္တနာ #စိတ်ခွန်အား အခက်အခဲကာလဆိုတာ လူတိုင်း ကြုံဖူးကြတဲ့အရာပါ။ သေးမွှားတယ်၊ ကြီးမားတယ်လို့ နှိုင်းယှဉ်ကြပေမဲ့ အကုန်လုံးက ကြွက်အထွာ၊  ဆင့်အထွာအလျောက် ပြင်းထန်ကြတာချည်းပါ။ ဒီလို ကာလတွေကို ဘယ်လိုတွေ ဖြတ်သန်းကြသလဲဆိုတာ ဒီအချိန်မှာ စိတ်ဝင်စားစရာ အတော်လေး ကောင်းပါတယ်။ ပြည်ပက နာမည်ကြီး (ပြောတဲ့သူနာမည် အတိအကျ မမှတ်မိတော့တဲ့) နိုင်ငံခေါင်းဆောင်တစ်ယောက်ကတော့ " နောင်တစ်ချိန်မှာ ပြန်လည် ပျော်ရွှင်ရဦးမယ်ဆို"တဲ့ စိတ်နဲ့ အခက်အခဲတွေကို ဖြတ်သန်း လေ့ ရှိပါသတဲ့။ ဒါမျိုးက ပန်ဒိုရာရဲ့ သေတ္တာလေးမှာ "မျှော်လင့်ခြင်း"ဆိုတာလေးပဲ ကျန်ရှိတော့တယ်ဆိုတဲ့ စကားကို သတိရစေပါတယ်။ ဘာမှ မကျန်တော့ဘူးဆိုရင်တောင် "မျှော်လင့်ခြင်း"ဆိုတဲ့ အလင်းတန်းလေးကတော့ ရှိမြဲ ရှိနေမှာ-ဆိုတဲ့သဘော။ "မိုးတိမ်ဟူသမျှ၌ ငွေရောင်အနား မကင်း"ဆိုတဲ့ စိတ်ထားပဲ ဆိုပါတော့။ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ဒီလိုပဲ ခွန်အားပေးခဲ့ရတာတွေ အများကြီး။ စာမေးပွဲတွေက စိတ်ဖိစီးမှု အတော်လေး ပေးတာကိုး။ စာမေးပွဲ မဖြေခင် စာကျက်နေရတာက အတော့်ကို (အတော့်...