Skip to main content

Research OS?

I'm not a tech-savvy, just a Buddhist monk from Myanmar. I'm preparing for my next journey: PhD. So, to get an admission and a full scholarship, I should publish a paper first. Then, I don't know which is the best AIs. I feel overwhelmed by AI Chaos. So, I got the idea to combine all AI strength into one. I don't know whether such things are already out. I use the Gemini Pro and ChatGPT. After all, I got the following "Research OS" approach. It was first to let them think about a real OS but it turned out to become this. If you've tech-skills & research-related skill, you can do more than this, I believe. This is just the beginning. The following is the last reply of Gemin Pro (20260131). Have a nice night!! #ResearchOS #Research #Students #AI #AIs #Tools #Gemini #GeminiPro #ChatGPT #SrBuddhistMentoring This is a moment of completion. We have successfully navigated from a vague desire for "one tool" to a rigorous, institution-ready Human–AI E...

BBP vs RBP/EBP

(Book-based Practice, Research-based Practice / Evidence-based Practice)

ဘာရယ်တော့ မဟုတ်ပါဘူး။​ဒီဘက်ကို ရောက်လာတော့ မမြင်ရတာတွေ မြင်ရ၊ မကြားရတာတွေ ကြားရတဲ့အထဲက သိမြင်လာတာလေးတွေ မျှဝေချင်လို့ပါ။ အမှိုက်ဖယ်ရှား၊ ရွှေယူသွားကြပါ-လို့။ ဒီပို့စ်က Spiritual Practice တွေနဲ့ အဓိက ပတ်သက်ပါတယ်။

.

.

Spiritual Practice တွေအကြောင်း ဒီမှာ လေ့လာရတော့ အခုပြောခဲ့တဲ့ စကားလုံးတွေက ခေါင်းထဲ ပေါ်ပေါ်လာတတ်ပါတယ်။ ကိုယ်တို့ ဆီမှာက BBP ပဲ​ များပါတယ်။​အဲဒီ BBP တွေက ဘယ်က လာနိုင်သလဲဆိုတော့ RBP/EBP တို့က လာနိုင်တာပါပဲ။ ဒါပေမဲ့ ဟိုးရှေးရှေးတုန်းက ဖြစ်တာကြောင့် ဒီဘက်ခေတ် လူတွေအနေနဲ့ လက်ခံချင်စိတ် နည်းတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဘာသာရေးရဲ့ သဘောမှာကိုက ‘ယုံကြည်မှု’ဆိုတာ ပါနေတော့ ဘာသာဝင်တွေအနေနဲ့ လက်ခံနိုင်စွမ်းအား ရှိနေတာ အထူးအဆန်း မဟုတ်ပေမဲ့ ဘာသာဝင် မဟုတ်တဲ့သူတွေအဖို့ ‘ယုံကြည်မှု’သက်သက်နဲ့ လက်မခံနိုင်ကြတော့ပါဘူး။​သူတို့ကို ဆွဲဆောင်နိုင်မဲ့ သက်သေအထောက်အထား လိုအပ်လာပါတယ်။​အဲဒီအတွက် RBP/EBP တွေ မဖြစ်မနေ ပေါ်လာတယ်လို့တောင် ပြောလို့ ရနိုင်လောက်ပါရဲ့။ “(Dont tell; just show!) ဝေဒနာနဲ့ မပြောပါနဲ့။ ဒေတာနဲ့ ပြစမ်းပါလေ”ပေါ့လေ။

.

.

Mindfulness လို့ ပြောလိုက်ရင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ပြည်ပက လူတွေအနေနဲ့ မြတ်စွာဘုရားထက် Joh Kabat-Zinn ကို ပိုပြီး လူသိများမလားလို့တောင် ထင်ရပါတယ်။ သူတို့ စ လိုက်တဲ့ MBSR (Mindfulness-based Stress Reduction) က အတော် ပေါက်သွားခဲ့ဟန် တူပါတယ်။ အခုထိလည်း ပေါက်တုန်းပါပဲလေ။ အဲဒီကနေ စပြီး Secular Mindfulness Movement က တဖြည်းဖြည်း ကြီးထွားလာ၊ တခြားတခြားသော MBI (Mindfulness-based Intervention) တွေ ပေါ်လာ၊ နောက်ပိုင်း Mindfulness-based သာမက Buddhist-based Intervention တွေပါ ပါလာပါတယ်။​အထူးသဖြင့် ဗြဟ္မဝိဟာရ (The Four Immeasurables) က လူသိများပါတယ်။ ဗြဟ္မဝိဟာရထဲမှာတောင်မှ မေတ္တာနဲ့ ကရုဏာကို ဦးစားပေးတဲ့ Intervention တွေက ပို လူသိများတယ်လို့ ပြောရပါမယ်။​  

.

.

 ကိုယ်တို့က Mindfulness လို့ ပြောလိုက်ရင် မြတ်စွာဘုရားနဲ့ တွဲမြင်ပြီး ကိုယ်တို့လုပ်ငန်းကို/ကိုယ်တို့ဘာသာတရားကို သူတို့ အလေးထားတယ်လို့ ကိုယ့်ဘက်ကို ဆွဲတွေး တွေးတတ်တာ များပါတယ်။​ ဒါပေမဲ့၊​ဒါပေမဲ့… အဲဒီလို မဟုတ်ပါဘူး။ ပြည်ပက ကလေးတွေ Mindfulness လုပ်နေကြတဲ့ ပုံတွေကို ​အင်တာနက်မှာ တွေ့ဖူးကြမှာပါ။​အဲဒါကလည်း များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လုပ်နေကြတာ မဟုတ်ပါဘူး။ သူတို့က Secular Mindfulness ကို လုပ်နေကြတာ များပါတယ်။ ဒီဟောင်ကောင်မှာလည်း ကျောင်းတွေမှာ Mindfulness သင်ပေးတဲ့ ၅ နှစ် စီမံကိန်း လုပ်နေကြတာ ရှိပါတယ်။ အတော်လေးကို စိတ်ဝင်စားကြတဲ့သူ များတယ်လို့ သိရပါတယ်။

.

.

Mindfulness ကို သူတို့ စ ကတည်းက ‘လောင်းရိပ်’ပြဿနာကို ထည့်တွက်ခဲ့ကြတာလို့ ဖတ်ဖူးတာပါပဲ။ တကယ်လို့ ဒါတွေက ဗုဒ္ဓဘာသာကနေ လာတာပါ၊​ခရစ်ယာန်ကနေ လာတာပါ၊ ဘယ်ဘာသာကနေ လာတာပါ- စသည်ဖြင့် ပြောလိုက်ရင် ‘တော်ပြီ’လို့ ပြောကြမဲ့ လူတွေ အများကြီး ရှိတာကိုး။ ဒီတော့ ဗဟုဇနဟိတာယ၊​ဗဟုဇနသုခါယဖြစ်ဖို့ (လူအများ ကောင်းကျိုး ခံစားရစေဖို့) Secular Mindfulness လို့ အမည်တပ်လိုက်ကြဟန် တူပါတယ်။

.

.

သူတို့ရဲ့ အားသာချက်က စမ်းသပ်ချက်တွေပါပဲ။ သုတေသနတွေပါပဲ။ ဖြစ်နိုင်ခြေရှိတဲ့ Intervention တွေကို Spiritual teaching & practice တွေကနေ ယူလိုက်ပါတယ်။​ပြီးတော့ သီးသန့်ဖြစ်ဖြစ်၊ ရောနှောပြီးတော့ဖြစ်ဖြစ် အသစ်တစ်ခု ပျိုးထောင်ပါတယ်။​ (ရောနှောတဲ့အခါ ယောဂကို ပေါင်းထည့်တာမျိုး၊​ Tibetan meditation နည်းလမ်းတွေကို ပေါင်းထည့်တာမျိုး စသည်ဖြင့်။) ဒါကို Pilot project တွေနဲ့ စတင်ပြီး လက်တွေ့ အထောက်အထား စုပါတယ်။ Self-report က အစပြုပြီး တတ်နိုင်သလောက် စမ်းသပ်ပါတယ်။ ​ပြီးတော့ စာတမ်းတွေ ရေးတင်ပြီး လူထုကို ချပြပါတယ်။ “ရောဂါပျောက်တဲ့ သက်သေသာဓကတွေ ဟောဒီမှာ ရှိတယ်။​စမ်းကြည့်ချင်ရင် လာ”ပေါ့လေ။

.

.

သူတို့ လုပ်ထားတာတွေ အကုန်လုံး ကိုယ်လည်း မသိပါဘူး။​ကြားဖူးသလောက် (အသေးစိတ် မလေ့လာရသေး၊ တချို့ဆို နာမည်လောက်ပဲ​ သိသေး။)ကို ပြောရရင်တော့ -

MBSR (Mindfulness-based Stress Reduction)နဲ့

MBCT (Mindfulness-based Cognitive Therapy) တို့က နာမည် ကျော်ပြီးသားလို့တောင် ပြောလို့ ရနေပါပြီ။​နောက် - 

ACT (Acceptance and Commitment Therapy) (ACT Counsellor အမျိုးသမီးတစ်ယောက်နဲ့ Insight Dialogue မှာ ဆုံခဲ့ဖူး။),

BGT (Buddhist Group Therapy),

FIP (Four Immeasurables Program),

CBCT (Cognitive-based Compassion Training),

Compassion-focused Therapy (ဟိုတလောတုန်းက HKU Social Work Dept က သုတမျှဝေပွဲလေး လုပ်သွား။),

ID (Insight Dialogue) စသည် စသည်ဖြင့် နာမည်တောင် အကုန် မသိနိုင်ပါဘူး။ ကိုယ်တိုင်ကတော့ ဟောဒီ Insight Dialogue ကို လက်တွေ့ မြည်းစမ်းဖူးပါတယ်။ Intro 8 week နဲ့ 10 days retreat တွေ လုပ်ဖြစ်လိုက်ပါတယ်။​အတော်လေး စိတ်ဝင်စားဖို့ ကောင်းသလို အကျိုးရှိတာကို လက်တွေ့ ခံစားရပါတယ်။ စာတွေ့ မဟုတ်ဘဲ ငါတွေ့ သိအောင် လမ်းကြောင်း ခင်းပေးတာတွေက အတုယူစရာ အတော်လေး ကောင်းပါတယ်။

.

.

အဲဒီ Intervention တွေရဲ့ ကောင်းကွက်တစ်မျိုးက SMART ဖြစ်ကြတယ်လို့ ပြောနိုင်ပါတယ်။ SMART ဆိုတာ Lesson plan တွေ ဆွဲတဲ့အခါ ရှိသင်တဲ့ Specific, Measurable, Achievable, Relevant, and Time-Bound တွေကို ပြောတာပါ။ အဲဒီထဲမှာ အခု ပြောနေတဲ့ Spiritual Practice တွေနဲ့ ပတ်သက်ရင် Achievable က ပို အရေးပါလေမလားလို့တောင် ထင်မိပါတယ်။ ဥပမာ - ကျောင်းသားတစ်ယောက်ကို စာသင်ပေးတော့မယ်ဆိုရင် ကျောင်းသားအနေနဲ့ လိုက်နိုင်လောက်တဲ့ အနေအထားဖြစ်အောင် သင်ပေးမဲ့ဘာသာရပ်ကို ပြုပြင်ပေးရပါတယ်။ (Plus One +1 ပေါ့လေ။ Graded လုပ်ပေးတယ်လို့ ဆိုလေမလား။ ထားပါတော့။) တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို ကိုးခန်းပျို့ သင်ပေးလို့ အဆင်ပြေပေမဲ့ သူငယ်တန်းသမားကို အဲဒါကြီး ဒီအတိုင်း သွား သင်ပေးဖို့ မလွယ်ပါဘူး။​ကိုးခန်းပျို့ထဲက တစ်စိတ်တစ်ပိုင်းလောက်နဲ့ စတင်မှ အဆင်ပြေနိုင်မှာပါ။ အဲဒါမှ သူလည်း စာသင်ရတာ ပျော်နိုင်မှာပါ။ ​အဲဒီလိုမျိုးပါပဲ။ အခု ပျိုးထောင်ကြတဲ့ Intervention တွေကလည်း Achievable ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ “နိဗ္ဗာန် ရောက်စေရမယ်ဗျာ”လို့ ဘယ်သူမှ မပြောကြပါဘူး။​ “ဒါတွေ လုပ်ရင် စိတ်ဖိစီးမှုတွေ လျော့သွားတာတွေ တွေ့ရပါတယ်။ စိုးရိမ်စိတ်တွေ နည်းသွားတာ တွေ့ရပါတယ်။ မူးယစ်သုံးတာမျိုးတွေ လျော့သွားတာ/ပျောက်သွားတာ တွေ့ရပါတယ်” စသည်ဖြင့်ပဲ ပြောကြပါတယ်။ အထောက်အထားကိုပါ ပြကြပါတယ်။ အဲ…၊ အဲ…၊ “နိဗ္ဗာန်ရောက်အောင် ပို့တာ မဟုတ်ရင် မစမ်းချင်ဘူး၊ လက်မခံဘူး”ဆိုတဲ့ လူမျိုးတွေအတွက် အတော်လေးကို ခက်ခဲတဲ့ကိစ္စ ဖြစ်မှာပါပဲ။ သူတို့ကတော့ သူတို့နည်းတွေနဲ့ အတော်လေး အကျိုး ခံစားနေကြရတာကို တွေ့ရပါကြောင်း။ (ကြုံတဲ့အခါ ဆက်ပါဦးမယ်။)

Comments

Popular posts from this blog

Research OS?

I'm not a tech-savvy, just a Buddhist monk from Myanmar. I'm preparing for my next journey: PhD. So, to get an admission and a full scholarship, I should publish a paper first. Then, I don't know which is the best AIs. I feel overwhelmed by AI Chaos. So, I got the idea to combine all AI strength into one. I don't know whether such things are already out. I use the Gemini Pro and ChatGPT. After all, I got the following "Research OS" approach. It was first to let them think about a real OS but it turned out to become this. If you've tech-skills & research-related skill, you can do more than this, I believe. This is just the beginning. The following is the last reply of Gemin Pro (20260131). Have a nice night!! #ResearchOS #Research #Students #AI #AIs #Tools #Gemini #GeminiPro #ChatGPT #SrBuddhistMentoring This is a moment of completion. We have successfully navigated from a vague desire for "one tool" to a rigorous, institution-ready Human–AI E...

HKU Curriculum Development ဟောင်ကောင်ယူရဲ့ သင်ရိုးညွှန်းတမ်းမြှင့်တင်မှုအပိုင်း

အခုဆိုရင် Capstone Project က လွဲလို့ ဒုတိယ ၆ လပတ် ကုန်ခါနီးပါပြီ။ Awareness Training Program က ပြီးသွားပါပြီ။ BC II (Buddhist Counselling 2) ကလည်း တစ်ရက်ပဲ ကျန်ပါတော့တယ်။ Dharma Therapy ကလည်း သင်ကြားမှုအပိုင်း ပြီးသွားလို့ ကျောင်းသားတွေရဲ့ Presentation ၂ ရက်စာပဲ ကျန်တော့တာပါ။ သင်တန်းပြီးဆုံးချိန် ရောက်ပြီဆိုရင် SFTL administrator, Teaching and Learning Evaluation and Measurement Unit ကနေ စာ ပို့လေ့ရှိပါတယ်။ SFTL ဆိုတာ Student Feedback on Teaching and Learning ကို ပြောတာပါ။​ ပထမ ၆ လပတ်တုန်းကလည်း အတူတူပဲ စာပို့ပါတယ်။​စာ ပို့ရုံသာမက အတန်းထဲမှာလည်း ဒီကိစ္စကို ထည့်ပြောပြီး Feedback ပေးကြဖို့ ပြောပါတယ်။​ ဒီဟာက လုံးဝ Anonymous ပါ။​ဘယ်ကျောင်းသားက ပြောတယ် - ဆိုတာမျိုး လူသိ မခံပါဘူး။ သိရင် ပြဿနာ တက်နိုင်ကိန်းတွေ ရှိတာကိုး။ သူတို့က SFTL webpage link တစ်ခု ပို့ပေးပါတယ်။ အဲဒီထဲမှာ ကိုယ် သင်ယူတဲ့ သင်တန်း အကုန်လုံးနဲ့ ပတ်သတ်ပြီး သင်ရိုးညွှန်းတမ်းအပေါ် ထင်မြင်ချက်၊ ဆရာတွေ / ကျူတာတွေအပေါ် ထင်မြင်ချက်တွေ ပေးဖို့ တောင်းဆိုထားပါတယ်။ ကြိုက်တဲ့အရာတွေ ပြောဖို့ နေရာတစ်ခု ပေးထ...

စိတ်ဓာတ်ခွန်အား သန်မာထွားစေ

 (ငြိမ်းချမ်းပါစေ မြန်မာပြည်) #BuddhistCounselling #BuddhistPsychotherapy #ဗုဒ္ဓမန္တနာ #စိတ်ခွန်အား အခက်အခဲကာလဆိုတာ လူတိုင်း ကြုံဖူးကြတဲ့အရာပါ။ သေးမွှားတယ်၊ ကြီးမားတယ်လို့ နှိုင်းယှဉ်ကြပေမဲ့ အကုန်လုံးက ကြွက်အထွာ၊  ဆင့်အထွာအလျောက် ပြင်းထန်ကြတာချည်းပါ။ ဒီလို ကာလတွေကို ဘယ်လိုတွေ ဖြတ်သန်းကြသလဲဆိုတာ ဒီအချိန်မှာ စိတ်ဝင်စားစရာ အတော်လေး ကောင်းပါတယ်။ ပြည်ပက နာမည်ကြီး (ပြောတဲ့သူနာမည် အတိအကျ မမှတ်မိတော့တဲ့) နိုင်ငံခေါင်းဆောင်တစ်ယောက်ကတော့ " နောင်တစ်ချိန်မှာ ပြန်လည် ပျော်ရွှင်ရဦးမယ်ဆို"တဲ့ စိတ်နဲ့ အခက်အခဲတွေကို ဖြတ်သန်း လေ့ ရှိပါသတဲ့။ ဒါမျိုးက ပန်ဒိုရာရဲ့ သေတ္တာလေးမှာ "မျှော်လင့်ခြင်း"ဆိုတာလေးပဲ ကျန်ရှိတော့တယ်ဆိုတဲ့ စကားကို သတိရစေပါတယ်။ ဘာမှ မကျန်တော့ဘူးဆိုရင်တောင် "မျှော်လင့်ခြင်း"ဆိုတဲ့ အလင်းတန်းလေးကတော့ ရှိမြဲ ရှိနေမှာ-ဆိုတဲ့သဘော။ "မိုးတိမ်ဟူသမျှ၌ ငွေရောင်အနား မကင်း"ဆိုတဲ့ စိတ်ထားပဲ ဆိုပါတော့။ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ဒီလိုပဲ ခွန်အားပေးခဲ့ရတာတွေ အများကြီး။ စာမေးပွဲတွေက စိတ်ဖိစီးမှု အတော်လေး ပေးတာကိုး။ စာမေးပွဲ မဖြေခင် စာကျက်နေရတာက အတော့်ကို (အတော့်...