Skip to main content

Research OS?

I'm not a tech-savvy, just a Buddhist monk from Myanmar. I'm preparing for my next journey: PhD. So, to get an admission and a full scholarship, I should publish a paper first. Then, I don't know which is the best AIs. I feel overwhelmed by AI Chaos. So, I got the idea to combine all AI strength into one. I don't know whether such things are already out. I use the Gemini Pro and ChatGPT. After all, I got the following "Research OS" approach. It was first to let them think about a real OS but it turned out to become this. If you've tech-skills & research-related skill, you can do more than this, I believe. This is just the beginning. The following is the last reply of Gemin Pro (20260131). Have a nice night!! #ResearchOS #Research #Students #AI #AIs #Tools #Gemini #GeminiPro #ChatGPT #SrBuddhistMentoring This is a moment of completion. We have successfully navigated from a vague desire for "one tool" to a rigorous, institution-ready Human–AI E...

ဗုဒ္ဓမန္တနာ - Buddhist Counselling

 
နာမည် - Buddhist Counselling ခေါ်တဲ့ ဘာသာရပ်ကို ဗုဒ္ဓမန္တနာလို့ ပြန်ဆိုထားတာပါ။ ပြည်ပတွေမှာ Buddhist Counselling နာမည်နဲ့ သင်ပေးကြသလို Buddhist Psychotherapy, Dhamma Therapy စတဲ့ နာမည်တွေနဲ့လည်း ခေါ်ဝေါ်ကြပါတယ်။ တစ်ခုနဲ့တစ်ခု မတူဘူးလို့ ပြောတဲ့သူတွေ ရှိသလို အလဲအလှယ် အသုံးပြုလို့ ရတယ်လို့လည်း ပြောကြသူတွေ ရှိပါတယ်။ ဒီမှာတော့ အားလုံးကို ခြုံငုံပြီး ခေါ်လိုက်တာပါ။ ပါဠိစကားမှာ 'မန္တနာ'က တိုင်ပင်ဆွေးနွေးအကြံပေးခြင်းလို့ ဆိုလိုပါတယ်။ 'ဗုဒ္ဓမန္တနာ'ဆိုတာကတော့ 'ဗုဒ္ဓဟောကြား တရားတော်များဖြင့် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း'လို့ ပြောချင်တာပါ။

ရည်ရွယ်ချက် - မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ ထွန်းကားပေမဲ့ ဗုဒ္ဓရဲ့အဆုံးအမ(တချို့)တချို့ကို ခံစားနိုင်ခွင့် မရဘဲ ဖြစ်နေပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေကတော့ ဗုဒ္ဓတရားတော်တွေကို သူတို့ရဲ့ 'နှစ်သိမ့်ဆွေးနွေးအကြံပေး'တဲ့ ဘာသာရပ်တွေမှာ လက်တွေ့ အသုံးချနေကြတာကို တွေ့ရပါတယ်။ ဒီအရာတွေကို မြန်မာတွေ ခံစားနိုင်အောင် လက်ဆင့်ကမ်းချင်တာက မူလရည်ရွယ်ချက်ပါ။ ဒီစာမျက်နှာလေး ဖွင့်ဖို့ နောက်ဆုံးတွန်းအားပေးလိုက်တာကတော့ လက်ရှိကာလမှာ ကိုဗစ်ရောဂါနဲ့ နိုင်ငံရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံသားအားလုံး အခက်အခဲ တွေ့နေရပါတယ်။ အားလုံးလိုလို စိတ်ဆင်းရဲမှု၊ ကိုယ်ဆင်းရဲမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီထဲက စိတ်ဆင်းရဲမှုတွေကို တတ်နိုင်သလောက် ဖြေသိမ့်ပေးမဲ့သူတွေ လိုအပ်နေပါတယ်။ ငွေကြေးယူတဲ့ "နှစ်သိမ့်ဆွေးနွေးအကြံပေးပညာရှင် (Counsellor)"တွေ ရန်ကုန်၊ မန္တလေးတို့မှာ ရှိပါတယ်။ သူတို့ကတော့ သက်ဆိုင်ရာ ဘာသာရပ်သင်ရိုးတွေအတိုင်း နှစ်သိမ့်ဆွေးနွေးအကြံပေးကြတာပါ။ ဒီအချိန်မှာ "ဗုဒ္ဓတရားတော်အရ နှစ်သိမ့်ဆွေးနွေး အကြံပေးနိုင်တဲ့သူတွေ ပေါ်ပေါက်လာရင် ကောင်းမှာပဲ"လို့ ဆင်ခြင်မိတာကြောင့် ဒီစာမျက်နှာကို ဖန်တီးလိုက်တာပါ။

ဝန်ခံချက် - ဗုဒ္ဓမန္တနာ ဘာသာရပ်ဟာ ဗုဒ္ဓတရားတော်ကို အထိုက်အလျောက် ကျွမ်းကျင်မှုနဲ့ နှစ်သိမ့်ဆွေးနွေးအကြံပေးပညာကို ကျွမ်းကျင်မှု-ဆိုပြီး ဘာသာရပ်၂ မျိုး ပါဝင်တဲ့ ပညာရပ်ပါ။ ဒီစာမျက်နှာကို ဖန်တီးသူဟာ ဗုဒ္ဓတရားတော်တွေကိုတော့ ငယ်ငယ်ကတည်းက စပြီး လေ့လာခဲ့တာမို့ အထိုက်အလျောက် တတ်ကျွမ်းတယ်လို့ ပြောရဲပါတယ်။ ဒါပေမဲ့ ဗုဒ္ဓမန္တနာဘာသာရပ်ကိုတော့ ကျောင်းသင်ရိုးနဲ့ မသင်ဖူးခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ အခုချိန်ထိ ဗုဒ္ဓမန္တနာဘာသာရပ်ကို သင်ပေးတဲ့သူလည်း အနည်းအကျဉ်းပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ အများကြီး ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါ့ကြောင့် တခြားသူတွေ ညွှန်းပေးကြတဲ့ ဗုဒ္ဓမန္တနာ ဘာသာရပ်ဆိုင်ရာ စာအုပ်အနည်းအကျဉ်းကိုပဲ ဖတ်ဖူးပါတယ်။ အခုလည်း အခွင့်အရေးရရင် ရသလို ဆက်လက် လေ့လာနေပါတယ်။ ဒါ့ကြောင့် နှစ်သိမ့်ဆွေးနွေးအကြံပေးတဲ့အခါ လိုအပ်ချက် ရှိနိုင်ပါတယ်လို့ ဝန်ခံပါတယ်။

အာမခံချက် - လာရောက် ရင်ဖွင့်ဆွေးနွေးအကြံယူသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တခြားသူတွေကို မပေါက်ကြားစေရပါဘူး။ တကယ်လို့ ပညာရေးကိစ္စတွေမှာ အသုံးပြုမယ်ဆိုရင်လည်း နာမည်လွှဲ၊ နေရာ၊ နေ့ရက်လွှဲပြီး အသုံးပြုပါမယ်။ ဒါကိုတော့ လက်ခံပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လုပ်ငန်းစဉ် - ကိုယ် ခံစားနေရတာတွေ၊ စိတ်ဆင်းရဲမှုတွေကို Messenger ကနေ စာ ပို့ပါ။ ဒါမှမဟုတ် အသံဖိုင် ပို့ပါ။ ဒါမှမဟုတ် တစ်ချိန်တည်းမှာ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင် အချိန်သတ်မှတ်ဖို့အတွက် ကြိုတင် စာပို့ပေးပါ။ (လက်တလောမှာ FB ကို VPN နဲ့ သုံးနေရတဲ့အတွက် တိုက်ရိုက်ဆွေးနွေးဖို့က လိုင်း သိပ် မကောင်းဘူးထင်ပါတယ်။) စာပို့တဲ့အခါမှာပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ ပို့တဲ့အခါမှာပဲ ဖြစ်ဖြစ် ပြောချင်သမျှကို ပြည့်စုံအောင် ပြောပေးပါ။ ရေးပေးပါ။ အချိန်တော့ နည်းနည်း ယူရပါလိမ့်မယ်။ ပို့လာသမျှကို ဒီဘက်က အသေးစိတ် နားထောင်ပေးပါ့မယ်။ ဖတ်ရှုပေးပါ့မယ်။ ပြီးရင် လိုအပ်သလို နှစ်သိမ့် ဆွေးနွေး အကြံပေး ပါမယ်။ ပုံမှန်ကတော့ ဒါမျိုးကိစ္စကို 'တိုက်ရိုက်'ပဲ ဆွေးနွေးလေ့ ရှိကြပါတယ်။ ဒီမှာတော့ အင်တာနက်အခက်အခဲ ရှိနိင်တာကြောင့် နည်း ၃ မျိုးလုံး သုံးဖို့ ဆုံးဖြတ်လိုက်တာပါ။ လိုအပ်ရင် နောက်ထပ် ပြန်ပြီး ဆက်သွယ်ပါ။ ပုံမှန် Counselling လုပ်တဲ့ နေရာတွေမှာ လူနာတစ်ဦးရဲ့ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့အတွက် တစ်ပတ်တစ်ခါ စသည်ဖြင့် အချိန်များစွာ၊ Session ပေါင်းများစွာ ယူရပါတယ်။ ဒါ့ကြောင့် ပြန်လည် ဆက်သွယ်တဲ့အခါ နဂိုက ဆက်သွယ်ဖူးသူ ဟုတ်/မဟုတ်ကိုလည်း ပြောပြပေးပါ။

စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။ (ဓမ္မ၊ ၃၅။)
စိတ်ကို ဆုံးမထားတာ ကောင်းတယ်။ ဆုံးမထားလို့ ယဉ်ကျေးသွားတဲ့ စိတ်ဟာ ကောင်းကျိုးသုခတွေကို ဆောင်ကျဉ်းပေးပါတယ်။
The mind well-tamed brings well-being.
2021-July-04
Facebook Page ထဲမှာ Designer Myo Swe Than ဆရာမျိုးဆွေသန်းရဲ့ ပုံတွေကို ယူသုံးထားပါတယ်။ လက်တလောမှာတော့ ဆရာ့ဆီ ခွင့်မတောင်းရသေးပါဘူး။

Comments

Popular posts from this blog

Research OS?

I'm not a tech-savvy, just a Buddhist monk from Myanmar. I'm preparing for my next journey: PhD. So, to get an admission and a full scholarship, I should publish a paper first. Then, I don't know which is the best AIs. I feel overwhelmed by AI Chaos. So, I got the idea to combine all AI strength into one. I don't know whether such things are already out. I use the Gemini Pro and ChatGPT. After all, I got the following "Research OS" approach. It was first to let them think about a real OS but it turned out to become this. If you've tech-skills & research-related skill, you can do more than this, I believe. This is just the beginning. The following is the last reply of Gemin Pro (20260131). Have a nice night!! #ResearchOS #Research #Students #AI #AIs #Tools #Gemini #GeminiPro #ChatGPT #SrBuddhistMentoring This is a moment of completion. We have successfully navigated from a vague desire for "one tool" to a rigorous, institution-ready Human–AI E...

HKU Curriculum Development ဟောင်ကောင်ယူရဲ့ သင်ရိုးညွှန်းတမ်းမြှင့်တင်မှုအပိုင်း

အခုဆိုရင် Capstone Project က လွဲလို့ ဒုတိယ ၆ လပတ် ကုန်ခါနီးပါပြီ။ Awareness Training Program က ပြီးသွားပါပြီ။ BC II (Buddhist Counselling 2) ကလည်း တစ်ရက်ပဲ ကျန်ပါတော့တယ်။ Dharma Therapy ကလည်း သင်ကြားမှုအပိုင်း ပြီးသွားလို့ ကျောင်းသားတွေရဲ့ Presentation ၂ ရက်စာပဲ ကျန်တော့တာပါ။ သင်တန်းပြီးဆုံးချိန် ရောက်ပြီဆိုရင် SFTL administrator, Teaching and Learning Evaluation and Measurement Unit ကနေ စာ ပို့လေ့ရှိပါတယ်။ SFTL ဆိုတာ Student Feedback on Teaching and Learning ကို ပြောတာပါ။​ ပထမ ၆ လပတ်တုန်းကလည်း အတူတူပဲ စာပို့ပါတယ်။​စာ ပို့ရုံသာမက အတန်းထဲမှာလည်း ဒီကိစ္စကို ထည့်ပြောပြီး Feedback ပေးကြဖို့ ပြောပါတယ်။​ ဒီဟာက လုံးဝ Anonymous ပါ။​ဘယ်ကျောင်းသားက ပြောတယ် - ဆိုတာမျိုး လူသိ မခံပါဘူး။ သိရင် ပြဿနာ တက်နိုင်ကိန်းတွေ ရှိတာကိုး။ သူတို့က SFTL webpage link တစ်ခု ပို့ပေးပါတယ်။ အဲဒီထဲမှာ ကိုယ် သင်ယူတဲ့ သင်တန်း အကုန်လုံးနဲ့ ပတ်သတ်ပြီး သင်ရိုးညွှန်းတမ်းအပေါ် ထင်မြင်ချက်၊ ဆရာတွေ / ကျူတာတွေအပေါ် ထင်မြင်ချက်တွေ ပေးဖို့ တောင်းဆိုထားပါတယ်။ ကြိုက်တဲ့အရာတွေ ပြောဖို့ နေရာတစ်ခု ပေးထ...

စိတ်ဓာတ်ခွန်အား သန်မာထွားစေ

 (ငြိမ်းချမ်းပါစေ မြန်မာပြည်) #BuddhistCounselling #BuddhistPsychotherapy #ဗုဒ္ဓမန္တနာ #စိတ်ခွန်အား အခက်အခဲကာလဆိုတာ လူတိုင်း ကြုံဖူးကြတဲ့အရာပါ။ သေးမွှားတယ်၊ ကြီးမားတယ်လို့ နှိုင်းယှဉ်ကြပေမဲ့ အကုန်လုံးက ကြွက်အထွာ၊  ဆင့်အထွာအလျောက် ပြင်းထန်ကြတာချည်းပါ။ ဒီလို ကာလတွေကို ဘယ်လိုတွေ ဖြတ်သန်းကြသလဲဆိုတာ ဒီအချိန်မှာ စိတ်ဝင်စားစရာ အတော်လေး ကောင်းပါတယ်။ ပြည်ပက နာမည်ကြီး (ပြောတဲ့သူနာမည် အတိအကျ မမှတ်မိတော့တဲ့) နိုင်ငံခေါင်းဆောင်တစ်ယောက်ကတော့ " နောင်တစ်ချိန်မှာ ပြန်လည် ပျော်ရွှင်ရဦးမယ်ဆို"တဲ့ စိတ်နဲ့ အခက်အခဲတွေကို ဖြတ်သန်း လေ့ ရှိပါသတဲ့။ ဒါမျိုးက ပန်ဒိုရာရဲ့ သေတ္တာလေးမှာ "မျှော်လင့်ခြင်း"ဆိုတာလေးပဲ ကျန်ရှိတော့တယ်ဆိုတဲ့ စကားကို သတိရစေပါတယ်။ ဘာမှ မကျန်တော့ဘူးဆိုရင်တောင် "မျှော်လင့်ခြင်း"ဆိုတဲ့ အလင်းတန်းလေးကတော့ ရှိမြဲ ရှိနေမှာ-ဆိုတဲ့သဘော။ "မိုးတိမ်ဟူသမျှ၌ ငွေရောင်အနား မကင်း"ဆိုတဲ့ စိတ်ထားပဲ ဆိုပါတော့။ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ဒီလိုပဲ ခွန်အားပေးခဲ့ရတာတွေ အများကြီး။ စာမေးပွဲတွေက စိတ်ဖိစီးမှု အတော်လေး ပေးတာကိုး။ စာမေးပွဲ မဖြေခင် စာကျက်နေရတာက အတော့်ကို (အတော့်...