Buddhist Counselling/Psychotherapy (ဗုဒ္ဓမန္တနာ?) အကြောင်း စိတ်ဝင်စားလို့ သူငယ်ချင်းတစ်ယောက်ဆီက ငှားပြီး ဖတ်လိုက်တာ။ အတွင်းထဲက အကြောင်းအရာ အတော်များများက ဗုဒ္ဓဘာသာနယ်ပယ်ကမို့ သိပ်ပြီး မကြာလိုက်ဘူး။ ထေရဝါဒနယ်ပယ်ကိုပဲ ဦးစားပေးထားတာကြောင့်လည်း ပါမယ်။ မဟာယာနနယ်ပယ်ဆိုင်ရာက အနည်းအကျဉ်းပဲ ပါတယ်။ နှိုင်းယှဉ်ပြတဲ့နေရာမှာပဲ တင်ပြပေးတဲ့ ခေတ်ပေါ် Counselling/Psychotherapy/Psychoanalysis အကြောင်းအရာတွေကလည်း အများကြီး မပါပါဘူး။ မပါတာလည်း ကောင်းတယ်။ အဲဒီလိုမဟုတ်ရင်လည်း Counselling အကြောင်း နားဝေးတဲ့ ကိုယ့်အဖို့ မလွယ်လှဘူး။
စာအုပ်က သီရိလင်္ကာ၊ ကေလနိယတက္ကသိုလ်မှာ ဒေါက်တာဘွဲ့အတွက် တင်တဲ့ကျမ်း (PhD Thesis, Kelaniya University, Sri Lanka)။ စာအုပ်က 2007 စင်္ကာပူမှာ ထုတ်တာ။
အင်တာနက်ပေါ်မှာ ဒီစာအုပ်ရဲ့ မာတိကာအကျဉ်းတောင် ရှာရခက်လို့ ဒီမှာ မှတ်တမ်းတင်လိုက်ပါတယ်။
Foreword
Abbreviations
Abstract
Introduction
Chapter 1: Early Buddhism and Counselling
Chapter 2: Psychology underlying the Buddhist Technique of Counselling
Chapter 3: The Buddha's Role as a Therapist, Counsellor cum Teacher
Chapter 4: Buddhism on Effective Counselling
Chapter 5: Analyses of Character Traits and Persoanlity Types
Chapter 6: Cases of Effective Counselling and Techniques Applied
Conclusion
Bibliography
General Index
Index of Proper Names
Buddhist Counselling (ဗုဒ္ဓမန္တနာ?) အကြောင်း စာအုပ်တွေ ရှာကြည့်တော့ အလွယ်တကူ ဖြစ်ပြီး ထေရဝါဒနနဲ့ နီးစပ်တာ ရှာကြည့်တော့ ၂ အုပ် တွေ့မိတယ်။ အခုစာအုပ်နဲ့ နောက်တစ်အုပ်က Padmasiri De Silva ရဲ့ An Introduction to Buddhist Psychology and Counselling (5th edtion) ပါ။ ဆရာကြီး Padmasiri ရဲ့ စာအုပ်က စွဲဆောင်အား သိပ် မရှိလှဘူး။ ကိုယ်က နားဝေးနေသေးလို့ ထင်ပါတယ်။ ရေးထားပုံက General+Academic ပရိသတ် ၂ မျိုးလုံးအတွက် ရေးထားတာမို့? ခက်ခဲတာလည်း ဖြစ်မယ်။ တကယ်ကတော့ ကိုယ်က သူ့အဆင့်ကို မမီသေးတာပါပဲ။ နောက်ပိုင်းမှာတော့ ကိုရီးယားက တစ်ယောက် ရေးပြီး အင်္ဂလိပ်ပြန်ဆိုထားတဲ့ Buddhist Psychotherapy ဆိုတာကိုလည်း တွေ့မိပါတယ်။ မူရင်းစာရေးဆရာက မြန်မာနိုင်ငံကိုလာပြီး တရားအားထုတ်ဖူးတဲ့ Psychotherapist တစ်ယောက်မို့ သူ့စာအုပ်ကလည်း ထေရဝါဒနဲ့ နီးစပ်မယ်လို့ ထင်မိပါတယ်။
ဒီစာအုပ်ရဲ့ ရှေ့ပိုင်း အခန်း ၁၊ ၂၊ ၃ တွေက သီအိုရီပိုင်းတွေကို တင်ပြထားတာလို့ ပြောနိုင်ပါတယ်။ ခေတ်ပေါ် သီအိုရီတွေကိုတော့ ကိုယ်တို့နဲ့ နားစိမ်းပါတယ်။ ဒါပေမဲ့ အများအစားမဟုတ်လို့ တော်ပါသေးရဲ့။ :-) :-) Counselling/Psychotherapy/Psychoanalysis ဝေါဟာရတွေ အသုံးပြုပုံနဲ့ ပတ်သက်ပြီး ရှင်းလင်းပြပေးတာကို သဘောကျမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဝေါဟာရ ၃ ခုနဲ့ ကပ်ပြီး ရှုပ်နေတာကိုး။ ဗုဒ္ဓမန္တနာအကြောင်း စာအုပ်တွေရှာတဲ့အခါ ခက်ခဲတာကို ပြောပါတယ်။ နဂိုတုန်းကတော့ Psychotherapy ကို အရင့်စားပြဿနာတွေ ကုစားတဲ့နေရာမှာ သုံးပြီး Counselling ကိုတော့ သိပ်မရင့်တဲ့ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ သုံးတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းတော့ အတူတူ သဘောထားပြီး သုံးလာကြတဲ့သဘော ရှိပါသတဲ့။ (ဥပမာအားဖြင့် Bien Thomas ရဲ့ Mindful Therapy တို့ကို Buddhist Counselling Reading List ထဲမှာ တွေ့ရတာမျိုး)
ပိုပြီး သဘောကျမိတာ ပြောရရင် အခန်း ၄ ပါ။ ဘာဖြစ်လို့လဲဆိုတော့ Counsellor တစ်ယောက် လုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ကိစ္စတွေကို ပြပေးလို့ပါ။ ဗုဒ္ဓဘာသာလေ့လာသူတွေအနေနဲ့ ဒီနယ်ပယ်က ခက်ခဲလှတာ မဟုတ်ပါဘူး။ အခြေခံဖြစ်တဲ့ ဗုဒ္ဓဘာသာသဘောတရားတွေကို သိပြီးသားဆိုရင် Counselling ပိုင်းက စည်းမျဉ်းတွေကို နားလည်ဖို့နဲ့ အသုံးချနိုင်ဖို့က ပို အရေးကြီးတာပါ။ ဒီအခန်းမှာ Counsellor တစ်ဦး ဆောင်ရန် ရှောင်ရန်တွေကို ဗုဒ္ဓဘာသာနယ်ပယ်က ပြတာထက် ခေတ်ပေါ်နယ်ပယ်ဘက်က Gerald Corey ရဲ့ စာအုပ်ကို ကိုးကားပြီး တင်ပြပေးတာ ကျေးဇူးတင်စရာပါ။ သူပြပေးလို့လည်း Theory and Practice of Counseling and Psychotherapy စာအုပ်ကို Reading list ထဲ ထည့်ထားဖို့ လိုတယ်လို သိရတာပါ။
သေချာ ဖတ်ကြည့်လိုက်တော့ မြန်မာအတော်များများကို သနားမိသလို ခံစားရတယ်။ "နိဗ္ဗာန်၊ နိဗ္ဗာန်"နဲ့ အလှမ်းဝေးလွန်းတဲ့ ပန်းကို မျှော်နေရင်း နေ့စဉ်ဘဝပြဿနာတွေကို မဖြေရှင်းနိုင် ဖြစ်နေကြတယ်လို့ ခံစားရတယ်။ ကိုယ့်အထင်မို့ မှန်ချင်မှတော့ မှန်မယ်ပေါ့လေ။ မြန်မာအတော်များများဟာ "ပန်းတိုင်ဝေးလို့ အရသာ မခံစားရတဲ့"အနေအထား ဖြစ်နေတယ်လို့ ထင်ရပါတယ်။ ဒီလိုပါ။ သင်ကြားရေးနယ်ပယ်မှာ Lesson Plan ဆွဲတဲ့အခါ သင်မဲ့ အကြောင်းအရာဟာ သင်ယူသူရဲ့ ပညာအဆင့်အတန်းနဲ့ ဝေးလွန်းလို့ မရပါဘူး။ ဥပမာ သင်ယူသူက Grade 1 ဆိုရင် သင်မဲ့အကြောင်းအရာက Grade 5 က အကြောင်းအရာ ဖြစ်နေလို့ မရပါဘူး။ အဲဒါမျိုးဆိုရင် ကျောင်းသားတွေ လိုက်နိုင်မှာ မဟုတ်ပါဘူး။ ကျောင်းသားတွေအတွက် အကျိုး မရှိလှပါဘူး။ အဲဒီလိုပဲ မြန်မာ့နယ်ပယ်မှာလည်း တစ်ခါလာလည်း "နိဗ္ဗာန်"ကိုပဲ သွားနေလွန်းတော့ နေ့စဉ်ဘဝပြဿနာတွေကို ကျော်မိသလို ဖြစ်နေတာ တွေ့ရပါတယ်။
အခန်း ၅ ကတော့ စရိုက်တွေ ခွဲပြတဲ့အပိုင်းပါ။ လူသိများတဲ့ စရိုတ် ၆ မျိုးကိုသာမက ပုဂ္ဂလပညတ်ထဲက ခွဲခြားပုံတွေကိုပါ အနည်းအကျဉ်း တင်ပြပေးထားပါတယ်။
အခန်း ၆ ကို ဖတ်ကြည့်လိုက်တဲ့အခါ မြတ်စွာဘုရားက နေ့စဉ်ဘဝ ပြဿနာလေးတွေကို (ခရီးသွားဟန်လွှဲ) ဖြေရှင်းပြထားတာ တွေ့ရပါတယ်။ မြတ်စွာဘုရား အကြံပေးဆွေးနွေးခဲ့တဲ့ အဖြစ်အပျက်တွေကို ပိဋကတ်တော်ထဲကနေ တင်ပြပေးထားတာ အတော်လေး အတုယူစရာ ကောင်းပါတယ်။ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးပန်းတိုင်က "နိဗ္ဗာန်"ဖြစ်ပေမဲ့ ဒီလမ်းကြောင်းကို အားဖြည့်ပေးတဲ့ ငြမ်းတွေ ဆင်ပြပေးသွားတာ ပညာယူစရာပါ။ Family Therapy, Overeating စတဲ့ အသေးအဖွဲလို့ ထင်ရတဲ့ ကိစ္စတွေအတွက်ပါ လမ်းညွှန်သွားတာတွေ တွေ့ရပါမယ်။
အကောင်းဆုံးကတော့ ကျမ်းညွှန်းစာရင်းလို့ ပြောရမှာပါ။ ဒီနယ်ပယ်ကို သွားချင်ရင် သူကိုးကားထားတဲ့ စာအုပ်တွေကို အကုန်လုံး မဟုတ်တောင် အနည်းနဲ့အများ ဖတ်ရမှာပါ။ Australia Buddhist Counselling အသိုင်းအဝိုင်းက ညွှန်းထားတဲ့ Thoughts without Thinker ကိုလည်း ဒီထဲမှာ ညွှန်းထားတာ တွေ့ရပါတယ်။
ကိုယ်ကတော့ ဒီလောက်ပဲ ညွှန်းနိုင်ပါတယ်။ ဒီနယ်ပယ်မှာ ကိုယ့်ထက် ကျွမ်းဝင်သူတွေက ပညာတွေ ဖြန့်ဝေပေးကြဖို့ မျှော်လင့်ပါတယ်။
I'm not a tech-savvy, just a Buddhist monk from Myanmar. I'm preparing for my next journey: PhD. So, to get an admission and a full scholarship, I should publish a paper first. Then, I don't know which is the best AIs. I feel overwhelmed by AI Chaos. So, I got the idea to combine all AI strength into one. I don't know whether such things are already out. I use the Gemini Pro and ChatGPT. After all, I got the following "Research OS" approach. It was first to let them think about a real OS but it turned out to become this. If you've tech-skills & research-related skill, you can do more than this, I believe. This is just the beginning. The following is the last reply of Gemin Pro (20260131). Have a nice night!! #ResearchOS #Research #Students #AI #AIs #Tools #Gemini #GeminiPro #ChatGPT #SrBuddhistMentoring This is a moment of completion. We have successfully navigated from a vague desire for "one tool" to a rigorous, institution-ready Human–AI E...
Comments
Post a Comment