Buddhist Counselling & Buddhist Psychotherapy အကြောင်းကို စိတ်ဝင်စားလို့ ရှာကြည့်တော့ ဒီ ၂ နေရာကို တွေ့ရတယ်။ တခြားနေရာတွေလည်း ရှိပါလိမ့်မယ်။ အခုဟာက ဆက်လက် လေ့လာစရာတွေ ရှိတာကို ပြပေးတာပါ။
1. Master of Buddhist Counselling (MBC)
https://www.buddhism.hku.hk/mbc_admission.htm
ဒါကတော့ The University of Hong Kong က ပေးတဲ့ မဟာဘွဲ့။ ကောင်းတဲ့အချက်က သူတို့ဆီက သင်ရိုးညွှန်းတမ်းတွေကို တင်ပေးထားလို့ ဘယ်လို အခြေအနေ ရှိသလဲဆိုတာ သိလို့ရတယ်။ အထူးသဖြင့် အဲဒီထဲမှာ Recommended Books တွေ ပေးထားတာက အတော်လေး ကျေးဇူးတင်စရာကောင်းတယ်။ (အဲဒီကပေးတဲ့ Master of Buddhist Studies အကြောင်းကိုလည်း လေ့လာနိုင်ပါသေးတယ်။)
ထူးဆန်းတာက Postgraduate Diploma in Professional Practice of Buddhist Counselling ဆိုတာကိုပါ အဲဒီကနေ ဆက်ပြီး တွေ့ရတယ်။ လျှောက်ဖို့က Nov 2020 Deadline လို့ ဆိုထားတော့ ပြီးသွားခဲ့ပြီ။ နောက်ထပ် ခေါ်တာ မတွေ့ရသေး။ Course Fee ကို Lee Fung Kung Wah (Mrs Simon K Y Lee) က Sponsor ပေးတာတဲ့။ ဆိုတော့ သွားမယ်ဆိုရင် ခရီး၊ နေ၊ စားစရိတ်တွေပဲ ကုန်မှာမို့ အများကြီးတော့ သက်သာမှာ အမှန်။ ဘာသာစကား လိုအပ်ချက်အနေနဲ့ သင်ကြားရေးအတွက် English Score ပဲ ပေးရမယ်၊ လက်တွေ့ပိုင်းမှာတော့ Cantonese နဲ့ ပြပေးမယ်လို့ ဆိုတယ်။ ဘာသာရပ်လိုအပ်ချက်ကတော့ Buddhist Counselling ပိုင်းနဲ့ နီးစပ်တာတွေ ပြထားပေမဲ့ ပုံမှန် Buddhist Studies သမားတွေလည်း ရနိုင်လောက်မယ် ထင်ပါတယ်။ လိုအပ်ရင် စာအုပ်စာတမ်းတွေ ကြိုဖတ်ထားပြီး ပြင်ဆင်လို့ ရနိုင်ပါတယ်။
2. Australian Association of Buddhist Counsellors and Psychotherapists
https://www.aabcap.org
လာမဲ့ "AABCAP Professional Training Course in Buddhism and Psychotherapy" ကို ၂၀၂၂ နှစ်လယ်မှာ စမယ်လို့ ရေးထားတယ်။ စိတ်ဝင်စားရင် အဲဒီ website ကို သွားကြည့်ပါ။ Resources ထဲမှာ ဖတ်ရမဲ့ စာအုပ်တွေကို ညွှန်းထားတာ ပါပါတယ်။ သူတို့ကတော့ လက်တွေ့ပိုင်းကို အတော်လေး ဦးစားပေးဟန် တူပါတယ်။
I'm not a tech-savvy, just a Buddhist monk from Myanmar. I'm preparing for my next journey: PhD. So, to get an admission and a full scholarship, I should publish a paper first. Then, I don't know which is the best AIs. I feel overwhelmed by AI Chaos. So, I got the idea to combine all AI strength into one. I don't know whether such things are already out. I use the Gemini Pro and ChatGPT. After all, I got the following "Research OS" approach. It was first to let them think about a real OS but it turned out to become this. If you've tech-skills & research-related skill, you can do more than this, I believe. This is just the beginning. The following is the last reply of Gemin Pro (20260131). Have a nice night!! #ResearchOS #Research #Students #AI #AIs #Tools #Gemini #GeminiPro #ChatGPT #SrBuddhistMentoring This is a moment of completion. We have successfully navigated from a vague desire for "one tool" to a rigorous, institution-ready Human–AI E...
Comments
Post a Comment